Unicode🐣
"အစ်ကိုလေးတို့ရောက်လာပြီလား Bossကအစည်းအဝေးခန်းထဲမှာပါ အစ်ကိုလေးတို့ရောက်ရင်ခဏစောင့်ပေးဖို့မှာခဲ့ပါတယ်"
"ဒါဆိုရုံးခန်းထဲမှာပဲထိုင်စောင့်နေလိုက်တော့မယ် ဪ ဒါနဲ့ဝန်ထမ်းတွေအတွက် မုန့်တွေပါလာတယ် ကားပေါ်မှာသွားယူပြီးဝေပေးလိုက်အုံးနော်"
"ဟုတ်ကဲ့"
အစ်ကို့အတွင်းရေးမှူးကောင်လေးထွက်သွားတော့သားတို့ကိုခေါ်ကာအစ်ကို့ရုံးခန်းထဲဝင်လာလိုက်သည်။နွေဦးကချိုင့်တွေဖွင့်ပြီးအစ်ကိုပြန်လာရင်တစ်ခါတည်းစားလို့ရအောင်ပြင်နေတုန်း သားနှစ်ယောက်ကတော့
Tabletတစ်လုံးနှင့်gameဆော့နေလေရဲ့..ခဏကြာတော့အစ်ကိုကအစည်းအဝေးပြီးသွားလို့ကိုအောင်နိုင်နှင့်အတူပြန်ရောက်လာသည်။
"ရိပ် ရောက်နေတာကြာပြီလား တောင်းပန်ပါတယ်ကွာ အရေးပေါ်အစည်းအဝေးလုပ်လိုက်ရလို့"
"ရပါတယ် မကြာသေးပါဘူး အစ်ကိုဗိုက်ဆာနေပြီမလား တစ်ခါတည်းစားလိုက်ကြရအောင်လေ ဪ ကိုအောင်နိုင့်အတွက်လည်းထည့်လာခဲ့တယ် တစ်ခါတည်းဝင်စားသွားပါလား"
"အလုပ်ရှုပ်ခံလို့နွေဦးရယ် အစ်ကိုကဝယ်စားလိုက်လည်းဖြစ်ပါတယ်"
"ဆိုင်ကဟင်းတွေကဘယ်လောက်ကောင်း
ကောင်း အိမ်ထမင်းအိမ်ဟင်းတော့ဘယ်တူပါ့မလဲ စားစေချင်လို့ထည့်လာတာ စားရမယ်နော်""ဟုတ်သားပဲ ကိုအောင်ကလည်း တစ်ခါတည်းစားသွားလိုက်ပါ"
ထက်သာနဲ့နွေဦးကအတင်းခေါ်နေသောကြောင့်အောင်နိုင်လည်းထမင်းအတူစားဖို့လက်ခံလိုက်ရသည်။
"ဒယ်ဒီ့သားတွေကgameပဲဆော့နေတာ ဒယ်ဒီကိုကြည့်တောင်မကြည့်ကြတော့ဘူး"
အသဲအသန်gameဆော့နေကြသောသားတော်မောင်နှစ်ယောက်ဟာသူတို့ဒယ်ဒီအသံကြားမှခေါင်းထောင်လာကြတော့သည်။
"ဟဲဟဲ gameထဲစျာန်ဝင်သွားလို့ပါဒယ်ဒီရဲ့ "
"ကဲ စားကြမယ်လေ သားတို့လည်းဗိုက်ဆာနေပြီမလား"
ဒီလိုနဲ့ဟိန်းထက်သာတို့မိသားစုနှင့်အတူအောင်နိုင်ပါဝင်ပြီးနေ့လည်စာအတူစားကြလေသည်။