U N I C O D E 🌼
"အစ်ကို အင်္ကျီကကျပ်နေပြီ ချုပ်တုန်းကအတော်ပါ😞"
"ရိပ်ကလည်း...ရိပ်ဗိုက်ကလရင့်နေပြီလေ အဲ့ဒါကြောင့်ကိုယ်ပြောသားပဲ အင်္ကျီကိုစောစောမချုပ်ပါနဲ့လို့"
"ဟင့် အင်္ကျီမတော်လို့စိတ်ညစ်နေပါတယ်ဆိုမှ အစ်ကိုကပါရိပ်ကိုပြောနေတယ် အီးးး"
"အယ် မငိုနဲ့လေရိပ်ရယ် ရိပ်ကိုအပြစ်ပြောတာမဟုတ်ပါဘူး တခြားအင်္ကျီတွေပါတယ်မလား"
"ရိပ်ကဒါပဲဝတ်ချင်တာကိုလို့😞"
ယခုအခြေအနေဟာဆိုရင်ဖြင့်ချမ်းမြေ့တို့မင်္ဂလာပွဲကိုသွားဖို့လှချင်နေသောဗိုက်ကြီးသည်လေးဟာချုပ်ထားသောအင်္ကျီမတော်တော့၍ရစ်နေခြင်းပင်ဖြစ်သည်။
နှစ်ဖက်မိဘများထံမှခွင့်ပြုချက်ရသည်နှင့်ချက်ချင်းကိုမင်္ဂလာဆောင်ဖို့ပြင်ဆင်သောချမ်းမြေ့ဟာ..နွေဦးကသူကလေးမွေးပြီးမှဆောင်ပါလို့ပြောလဲမရ။
အရမ်းကိုလင်ယူချင်နေရှာတာ။သူ့ကြောင့် နွေဦးမှာ ရှိုးတောင်ထုတ်လို့မရတော့။ဗိုက်ပူပူလေးနဲ့သာ မင်္ဂလာပွဲတက်ရတော့သည်။
မင်္ဂလာပွဲကိုချမ်းမြေ့တို့မြို့လေးမှာပဲဘုန်းကြီးကျောင်းမှာဆွမ်းကျွေးဖြစ်သည်။
ရိပ်ကိုယ်ဝန်ကလရင့်နေပြီမို့မသွားစေချင်သော်လည်းဗိုက်ကြီးသည်လေး၏ဂျီကျမှုကြောင့်ဟိန်းထက်သာကိုယ်တိုင်လိုက်ပို့ရသည်။
အခုလည်းသွားခါနီးအင်္ကျီကကျပ်နေ၍ရိပ်တစ်ယောက် သူ့ကိုရစ်နေခြင်း...
"ဗိုက်ကလေးရေ ဘာဖြစ်နေတာတုန်း အချိန်နီးနေပြီ သွားရအောင်လေ"
"အင်္ကျီကျပ်နေလို့မကြီး အဆင်မပြေဘူး"
"အသီရှိတယ်မလား ပေး မကြီးကို အသီဖြုတ်ပေးမယ်"
ချမ်းမြေ့အစ်မရောက်လာမှပဲ အဆင်ပြေသွားတော့သည်။
အားလုံးပြင်ဆင်ပြီးသွားတော့ချမ်းမြေ့တို့မင်္ဂလာပွဲသို့သွားကြသည်။
အသိမိတ်ဆွေအနည်းငယ်လောက်သာဖိတ်ထားပြီးအကျဥ်းချုုံးလုပ်ထားသောကြောင့်
လူအများကြီးတော့မရှိ။