အပိုင်း၂၀

12.6K 886 10
                                    

U N I C O D E 🌼

"ဖွားဖွားကြီး..သိလား..ညကလေ ပူတူးရယ်ဒယ်ဒီရယ်ဖေဖေရယ်..တူတူအိပ်တာ"

ပူတူးတစ်ယောက်အစောကြီးနိုးနေကာ..ထမင်းစားခန်းထဲတွင်အလုပ်ရှုပ်နေသောဖွားဖွားကြီးဆီသွားပြီး..ကြွားနေလေသည်။

"ဟယ်..ဟုတ်လား..အဲ့တာကြောင့်ပူတူးလေးမျက်နှာလေးပန်းလေးလိုလန်းဆန်းနေတာကို..ပျော်နေတယ်ပေါ့လေ"

"ဟီး..ပျော်တာပေါ့ဖွားဖွားကြီးရဲ့.."

"ဘာတွေပျော်နေတာတုန်းမြေးရဲ့"

ထမင်းစားခန်းထဲဝင်လာတဲ့အဖိုးဖြစ်သူနဲ့အဖွားဖြစ်သူကနားစွန်နားဖျားကြားပြီးမေးလေသည်။

"ဟိဟိ ဖိုးဖိုးနဲ့ဖွားဖွားကိုလည်းကြွားရအုံးမယ်..ညကလေ ပူတူးရယ်ဒယ်ဒီရယ်ဖေဖေရယ်..သုံးယောက်တူတူအိပ်တာ"

"ဘယ်လို..အတူတူအိပ်တာ"

လက်လေးသုံးချောင်းထောင်ပြကာ..ပြုံးပျော်နေသောမြေးလေးကြောင့်အဖိုးဖြစ်သူရောအဘွားဖြစ်သူပါအပျော်တွေကူးစက်မိသည်။

ထိုအချိန်ဟိန်းထက်သာနဲ့နွေဦးလည်းထမင်းစားခန်းထဲဝင်လာပြီး..အားလုံးစုံသောကြောင့်..မနက်စာအတူတူစားကြလေသည်။

"ညကအတူတူအိပ်ကြတယ်ဆို.."

မနက်စာစားနေကြတုန်းအမေကမေးလိုက်သောကြောင့်နွေဦးသောက်လက်စကော်ဖီတောင်သီးသွားလေသည်။

"အဟွတ် အဟွတ်.."

"ဖေဖေကလည်း..ဘယ်လိုသောက်နေတာလဲ"

သားကတော့လူကြီးလေးလိုနွေဦးကိုဆူနေပြီး..လူကြီးတွေကတော့ပြုံးပြီးကြည့်နေကြသည်။

နွေဦးဘေးမှာထိုင်နေတဲ့အစ်ကိုက နွေဦးကျောကိုပုတ်ပေးကာ

"ဖြေးဖြေးသောက်ပါရိပ်ရယ်..သီးကုန်ပြီ အဆင်ပြေလား"

"ဟုတ်..အဆင်ပြေပါတယ်"

"မင်းတို့နှစ်ယောက် ဒီနေ့ကစပြီးအတူနေကြတော့.."

ရုတ်တရက်ထပြောသောအဖေ့​ကြောင့်နွေဦးတို့အဖေ့ကိုကြည့်လိုက်ကြသည်။

"အစကတော့ မင်းတို့အဆင်ပြေသလိုလုပ်ဖို့ငါတို့လူကြီးတွေကဘာမှဝင်မပြောဘဲနေတာ မနေ့ကကိစ္စကိုပဲကြည့် ကလေးကအထင်လွဲနေပြီ မြေးလေးကငယ်သေးတယ်ဆိုပေမဲ့ခုအရွယ်ကအရာရာကိုသင်ယူနေတဲ့အရွယ် ကလေးအထင်လွဲမဲ့ကိစ္စတွေမလုပ်ကြနဲ့"

နှောင်ကြိုးလေး { Completed }Where stories live. Discover now