U N I C O D E 🌼
တစ်နှစ်ကြာသော်...🍀
"ပူတူးရေ..မန်မန်စားမယ်"
"ဖေ..ဖေ.."
အိမ်ရှေ့ခန်းတွင်..ကြီးမေနှင့်ဆော့နေသောသားက..နွေဦးအသံကြားတာနဲ့..လေးဘက်ထောက်လေးပြေးလာသည်။
သားကတစ်နှစ်ပြည့်ပြီဖြစ်ပေမဲ့..ခုထိလမ်းကောင်းကောင်းမလျှောက်တတ်သေး..။
လူကြီးက..သူ့လက်ကိုကိုင်ပေးထားရင်တော့လျှောက်ပေမဲ့..တစ်ယောက်တည်းလျှောက်ဖို့ကြ..သားကကြောက်နေသေးသည်။
သူ့ဘာသာသူလမ်းလျှောက်ခိုင်းရင်..နှစ်လှမ်းသုံးလှမ်းသာလျှောက်ပြီး..အနားမှာရှိတဲ့လူဆီ..ပြေးဖက်သည်။
လမ်းလျှောက်ဖို့သာကြောက်နေပေမဲ့..စကားတော့အသေတတ်။
ခုကတည်းက.."ဖေဖေ" "တီတီ" "ဖွားဖွား"ကိုပီပီသသခေါ်တတ်နေပြီး..စကားတွေလည်းသူ့ဘာသာစကားနဲ့သူလျှောက်ပြောနေတတ်သည်။
ဗိုက်ထဲမှာရှိနေတုန်းကခေါ်ကြတဲ့မာလကာသီးလေးကနေ..ခုတော့ပူတူးလေးဖြစ်နေပြီ။
နွေဦးထိုင်လိုက်တာနဲ့..နွေဦးရှေ့မှာ..ငုတ်တုပ်လေးလာထိုင်ကာ..ထမင်းစားဖို့စောင့်နေသည်။
ထမင်းတစ်ခါခွံ့တိုင်း..ပြုံးပြုံးလေးစားနေ
သည့်သားက..အစားစားချိန်တိုင်း..ပြုံးပျော်နေတတ်တဲ့အစားပုတ်လေးဖြစ်သည်။အပေါ်သွားလေးနှစ်ချောင်းနှင့်..အောက်သွားသုံးချောင်းပေါက်နေပြီဖြစ်သောသားလေးက..ရယ်လိုက်တိုင်း..ယုန်ပေါက်လေးတစ်ကောင်လို..ချစ်ဖို့ကောင်းလှသည်။
မွေးကတည်းက..ဖောင်းဖောင်းလေးဖြစ်နေတဲ့ပါးလေးနှစ်ဖက်ကလည်း..မြင်ရသူတိုင်းမနမ်းရဘဲမနေနိုင်လောက်အောင်ကို..ချစ်စရာကောင်းလွန်းသည်။
မနေ့ကပဲ..ခေါင်းရိတ်ထားတာကြောင့်..ကတုံးပြောင်လေးဖြစ်နေသည့်သားကိုကြည့်ရင်း..
နွေဦးအသည်းလာကာ..ထမင်းကိုတမြုံ့မြုံ့
ဖြင့်..ဝါးနေသည့်သားရဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုနမ်းလိုက်သည်။ထိုအခါသားက..မကျေနပ်သည့်သဘောဖြင့်..
နွေဦးကိုစူပုတ်ပုတ်ကြည့်လာကာ..နွေဦးမျက်နှာကိုလည်းသူ့လက်လေးနှစ်ဖက်ဖြင့်တွန်းလာလေသည်။