အပိုင်း၁၇

13K 1K 1
                                    

U N I C O D E 🌼

နွေဦးဒီနေ့မနက်ခါတိုင်းထက်စော၍နိုးနေသောကြောင့်မျက်နှာသစ်ပြီးထမင်းအိုးတည်လိုက်သည်။ အချိန်စောနေသေး၍ဘယ်သူမှမနိုးကြသေး... ပဲပြုတ်သည်လာသောကြောင့်ပဲပြုတ်ဝယ်လိုက်ပြီးထမင်းကြော်လိုက်သည်။ ကြော်နေတုန်းအိမ်ရှေ့ကကားသံကြားသောကြောင့်မီးပိတ်ကာထွက်ကြည့်လိုက်တော့ကားပေါ်မှဆင်းလာသောဟိန်းထက်သာ...။

"အစောကြီးပါလား ဘယ်ချိန်လောက်ထဲကထွက်လာတာလဲ"

"နွေဦးတောင်နိုးနေပြီလား ကိုယ်ကမနိုးသေးဘူးထင်လို့..ဟိုကနေအလုပ်ပြီးပြီးချင်းထွက်လာတာ"

ကိုဟိန်းထက်သာ၏မန်နေဂျာကိုအောင်နိုင်ကလဲကားပေါ်ကဆင်းလာသည်။

"အစ်ကိုအောင်နိုင်လဲပါလာတာလား"

"ဟုတ်တယ် ကိုယ့်ကိုလိုက်ပို့တာ ပြီးတာနဲ့ကိုအောင်ကပြန်မှာလေ"

"နွေဦး မတွေ့ရတာတောင်ကြာပြီနော် "

"ဟုတ်ကဲ့ အစ်ကိုအောင်နိုင်ကချက်ချင်းပြန်တော့မလို့လား ကားမောင်းလာရတာဆိုတော့ပင်ပန်းလာမှာပေါ့ ကိစ္စမရှိရင်မနက်မှပြန်ပါလား ခဏဖြစ်ဖြစ်နားလိုက်လေ"

"ဟုတ်သားပဲ ကိုအောင်မနက်မိုးလင်းမှအေးအေးဆေးဆေးပြန်လိုက်ပါလား"

"အေးပါ မနက်မှပြန်တာပေါ့ "

"အိမ်မှာကအခန်းလွတ်တော့မရှိဘူး အပေါ်ထပ်မှာကနွေဦးအခန်းပဲရှိတာ ဘုရားစင်ရှေ့မှာအိပ်ဖို့ပြင်ပေးမယ်လေ နည်းနည်းလောက်တော့အိပ်လိုက်ပါ ကားပြန်မောင်းရမှာဆိုတော့"

"အစ်ကိုကအဆင်ပြေပါတယ် နွေဦးအဆင်ပြေသလိုလုပ်ပါ"

နွေဦးလည်းဟိန်းထက်သာတို့ကိုအပေါ်ထပ်ကိုခေါ်လာခဲ့သည်။ ဘုရားစင်ရှေ့တွင်ဖျာခင်းလိုက်ပြီးအိပ်ရာခင်းခင်ကာခေါင်းအုံးနှင့်စောင်ယူလိုက်ပြီးခြင်ထောင်ပါထောင်ပေးလိုက်သည်။ အစ်ကိုအောင်နိုင်ဖို့အဆင်ပြေတော့ဟိန်းထက်သာကိုနွေဦးအခန်းထဲကိုခေါ်လာလိုက်သည်။အခန်းထဲမှာသားကအိပ်တုန်း...

"ဒီမှာသားနဲ့အတူအိပ်လိုက်နော် "

"အင်း နွေဦးကဘာလုပ်နေတာလဲမနက်အစောကြီးထပြီး"

နှောင်ကြိုးလေး { Completed }Where stories live. Discover now