U N I C O D E 🌼
နွေဦးရိပ်နဲ့အန်တီတို့လွတ်လွတ်လပ်လပ်စကားပြောနိုင်ရန် အောင်နိုင် အခန်းပြင်သို့ထွက်လာပေးလိုက်သည်။
ထိုနေ့က...
နွေဦးရိပ်ကိုအဆောင်ပြန်ပို့ပေးခဲ့ပြီးနောက် ဟိန်းထက်သာဆီလည်းပြန်မသွားဖြစ်၊ ကုမ္ပဏီကိုလည်းမသွားဘဲ ကားထဲတွင်ထိုင်နေကာ ဘယ်လိုလုပ်ရမလဲဟူ၍
စဥ်းစားနေမိသည်။ထိုကောင်လေးကို ဟိန်းထက်သာနှင့်ဘယ်လိုမှပေးတွေ့လို့မဖြစ်။ဟိန်းထက်သာဘယ်လောက်ခေါင်းမာလဲဆိုတာသူအသိဆုံးဖြစ်သည်။ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာစဥ်းစားနေတုန်းသူ့ထံသို့ဖုန်းဝင်လာလေသည်။ဖုန်းခေါ်သူကိုကြည့်လိုက်ပြီးရုတ်တရက်အကြံရသွားသည်။
မတတ်နိုင်ဘူး...ဒီတစ်နည်းပဲရှိတော့တယ်။
သူ ဖုန်းကိုင်လိုက်သည်။
"ဟယ်လို "
"ဟယ်လို မောင်အောင်နိုင်လား သားဖုန်းမကိုင်လို့
ဆက်လိုက်တာ သားလေးအလုပ်ရှုပ်နေလို့လား"ဖုန်းဆက်လာသူကတော့ဟိန်းထက်သာ၏
အမေသာဖြစ်သည်။သူ့အတွက် ဒီကိစ္စကိုဖြေရှင်းဖို့နည်းလမ်းရှာမရပေမဲ့အန်တီမှာတော့ဖြေရှင်းဖို့နည်းလမ်းတစ်ခုခုရှိနိုင်လောက်တာမို့ ဒီကိစ္စကို အန်တီကိုပြောလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။"အန်တီ... ကျွန်တော်ပြောစရာရှိလို့ အိမ်မှာအန်ကယ်ရှိလား"
"မရှိဘူးကွဲ့ မနေ့ကပဲအလုပ်ကိစ္စနဲ့ခရီးထွက်သွားတယ် သားလေးဘာဖြစ်လို့လဲဟင်
အန်တီ့ရင်ထဲထိတ်လိုက်တာ""အဲ့ဒါဆိုကျွန်တော်အိမ်ကိုလာခဲ့မယ်
ရောက်မှကျွန်တော်အကုန်ပြောပြပါ့မယ်""အေးပါကွယ် အန်တီစောင့်နေမယ်နော်"
"ဟုတ်ကဲ့"
အောင်နိုင်လည်းဖုန်းချပြီးအန်တီတို့အိမ်ကိုသာကားမောင်းလာခဲ့တော့သည်။
အန်တီတို့အိမ်ရောက်တော့..ဧည့်ခန်းထဲမှာထိုင်နေတဲ့အန်တီက..စိုးရိမ်နေသည့်ပုံ။
"လာ အောင်နိုင်.. ေပြာစမ်းပါအုံး ငါ့မှာရင်တွေတုန်လိုက်တာ"