U N I C O D E 🌼
နောက်တစ်နေ့မနက်မိုးလင်းတော့ဟိန်းထက်သာတစ်ယောက်နိုးလာခဲ့သည်။ ခေါင်းထဲတွင်တစစ်စစ်နှင့်ထိုးကိုက်နေပြီးမနည်းထယူလိုက်ရသည်။
ဘေးဘီကိုကြည့်လိုက်တော့မရင်းနှီးတဲ့အစိမ်းသပ်သပ်နေရာတစ်ခု...မနေ့ကဘာတွေဖြစ်ခဲ့တာလဲ...
ထိုးကိုက်နေသည့်ခေါင်းကိုဖိကိုင်လိုက်ရင်းမနေ့ကအဖြစ်အပျက်များကိုတစ်ခုချင်းပြန်
စဥ်းစားနေရသည်။မနေ့ကကုမ္ပဏီကလူတေွအတင်းခေါ်လို့Barကိုလိုက်လာခဲ့သည်။
မသောက်နိုင်တဲ့ကိုယ့်အကြောင်းကိုယ်သိတာကြောင့်..အရက်မသောက်ဘဲဝိုင်ပဲသောက်ခဲ့သည်။
ဒါပေမဲ့..အရက်ထည့်ထားတဲ့ဝိုင်ခွက်ကိုမှားသောက်မိတာလား..ရုတ်တရက်မူးလာပြီး..နောက်ပိုင်းဇဝေဇဝါဖြင့်..သိပ်မမှတ်မိချင်တော့..နောက်..ကောင်လေးတစ်ယောက်တွဲခေါ်သွားတာ..သိတယ်..
နောက်တော့... နောက်တော့ဘာဖြစ်သွားတာလဲစဥ်းစားမရတော့.. အားလုံးကဝေဝေဝါးဝါး။ခုမှသတိထားမိသည်...ခန္ဓာကိုယ်ပေါ်တွင်လည်းအဝတ်တွေမရှိတော့... ။
ဘေးကသူ့ကိုကျောပေးပြီးအိပ်နေသောတစ်စုံတစ်ယောက်ကိုမြင်လိုက်ရချိန်မှာတော့ဟိန်းထက်သာခေါင်းတည့်တည့်မိုးကြိုးပစ်ချသလိုခံစားလိုက်ရသည်။
ထိုကောင်လေးတွင်လဲအဝတ်မပါ...တစ်ကိုယ်လုံးတွင်အနီကွက်များဖြင့်ပြည့်နေသည်။ မနေ့ညက.. မနေ့ညကဖြစ်ပျက်ခဲ့သည့်ကိစ္စများကရုပ်ရှင်ပြကွက်များလိုတစ်ခုပြီးတစ်ခုခေါင်းထဲပေါ်လာသည်...။
"အား.. ဘာတွေဖြစ်ကုန်တာလဲ "
ဟိန်းထက်သာဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။ခုချိန်မှာသတိရမိတာကိုအောင်...။ဟုတ်တယ်.. ကိုအောင်သာဆိုဒီကိစ္စတွေဖြေရှင်းဖို့နည်းလမ်းရှိမှာပဲ။အဲ့တာနဲ့ပဲဟိန်းထက်သာလည်းကိုအောင့်ကိုဖုန်းဆက်ခေါ်လိုက်သည်။ ခဏနေတော့ကိုအောင်အပြေးတလွှားရောက်လာလေသည်။သူ့ကြည့်ရတာလဲခုထိအမူးတောင်မပြေသေးသည့်ပုံစံဖြင့်..
"ထက်သာ!! "
အောင်နိုင်လည်းညကဘယ်လိုဖြစ်သွားတယ်မသိ။ သူများတေွအတင်းတိုက်လို့သောက်နေရာမှ ကိုယ့်ကိုယ်ကိုထိန်းလို့တောင်မရ..ဆက်တိုက်သောက်နေမိသည်။ကိုယ်ဟာကိုယ်အမူးလွန်ပြီးဟိန်းထက်သာကိုတောင်မေ့သွားသည်။ ဟိန်းထက်သာကအစထဲကမသောက်တတ်သောကြောင့်မသောက်လောက်ဘူးပဲထင်ကာ သူ့ကိုကြည့်ဖို့မေ့သွားသည်။အိပ်နေရင်းဖုန်းလာသံကြောင့်ကိုက်နေတဲ့ခေါင်းကိုမနည်းထောင်ပြီးကြည့်လိုက်တော့ထက်သာဆီကဖုန်းဖြစ်နေသည်။ထိုအခါမှသူရောက်နေတဲ့နေရာကညကBarမှာပဲဖြစ်ပြီးအနားတွင်လည်းညကသောက်ဖော်သောက်ဖက်အစ်ကိုတွေမှောက်နေကြသည်။ညကအရမ်းကိုမူးနေကြလို့အိမ်မပြန်ဖြစ်ကြတာ။