Unicode🐣
နွေဦးရိပ်တစ်ယောက်သားတို့ကျောင်း၏
ကျောင်းအုပ်ကြီးရုံးခန်းတွင်ရောက်နေလေသည်။အကြောင်းကတော့တစ်ခါမှရန်မဖြစ်ဖူးပါသောသာထက်သျှားရန်ဖြစ်၍
အတန်းပိုင်ဆရာမမှဖုန်းဆက်ခေါ်သော
ကြောင့်...ဖုန်းရရခြင်းအကို့တောင်မပြောနိုင်ဘဲတစ်ယောက်တည်းထွက်လာခဲ့သည်။ရုံးခန်းရောက်တော့သားကြီးအပြင်သားငယ်လေးပါရှိနေသည်။ဆရာမကနွေဦးကိုမြင်တော့
"နွေဦးကိုခေါ်လိုက်ရတာအားနာပါတယ် မခေါ်လို့မရလို့"
"အာ ရပါတယ် ကျွန်တော့်သားတွေကိစ္စပဲ ဘယ်လိုဖြစ်တာလဲဆရာမ"
"ဖြစ်ပုံကတော့ဒီလိုပါ..."
.
.
.
နေ့လည်မုန့်စားကျောင်းဆင်းချိန်တွင်
KGတန်း၌..."တူတူပုန်းတမ်းဆော့ကြမယ်"
KGတန်းမှကလေးများသည်တက်ကြွစွာကစားရန်စုနေကြသည်။ကလေးပီပီမကစားပဲအိြေန္ဒရစွာပုံထိုင်ဆွဲနေသူကထက်ဦးမာန်လေး...
အိမ်မှာသာမွှေရင်မွှေမယ်...ကျောင်းမှာဆိုသူကအချေ။လူကသာKGတန်းstyleကအထက်တန်းကျောင်းသားလိုလို..သာထက်သျှားအေးတာကသူချေတာလောက်မှီမယ်မထင်။
အဖေကမင်းသားလို့မပြောရဘူး..သားကအရမ်းကိုအလှကြိုက်။ဒီအရွယ်လေးနဲ့Styleပျက်မှာဆိုးလို့တဲ့ကျောင်းမှာဘယ်တော့မှမဆော့ဘူး။သူ့သူငယ်ချင်းတွေရှေ့ဆိုcool guyပိစိပုံဖမ်းတတ်တဲ့သားငယ်လေးကအိမ်မှာဆိုငမွှေထိုးလေး...
ခုလည်းကစားချိန်ရောက်နေပေမဲ့ပုံထိုင်ဆွဲနေလေရဲ့...
"ငါလည်းပါမယ်လေ"
"မင်းကဘာလို့ပါမှာလဲ သွားစမ်းပါ"
"ငါ..ငါလည်းဆော့ချင်လို့"
"ဆော့ချင်ရင်ကိုယ့်ဘာသာကိုယ်ဆော့ ငါတို့နဲ့လာမဆော့နဲ့ "
"ငါနဲ့ဆော့မဲ့သူမှမရှိတာ "
"ဟားဟား ဘယ်သူကမင်းနဲ့ဆော့မှာလဲ အရူးကောင်ရ ဟေ့ကောင်တွေ သူ့အမေကလေ အရူးမကြီးသိလား အဲ့တာကြောင့်သူကလည်းအရူးပဲ ဟား ဟား"
"ငါ့အမေကိုမပြောနဲ့"
အပြောခံရသောကလေး၏မျက်လုံးဝိုင်းဝိုင်းလေးတွေတွင်မျက်ရည်များပြည့်လာပြီးရှေ့ကပြောသည့်ကောင်လေးကိုတွန်းလိုက်သည်။သို့သော်အာဟာရမပြည့်ဝ၍ပိန်လီှနေသောကလေးလေး၏အားကရှေ့ကဝဝတုတ်တုတ်ကလေးလေးကိုမယှဥ်နိုင်ပေ။
ထိုဝဝတုတ်တုတ်ကလေးကပြန်တွန်းလိုက်၍မြေကြီးပေါ်သို့ပုံလျက်သားလေးပြန်ကျသွားလေသည်။