အပိုင်း၅

13.1K 1.1K 14
                                    

U N I C O D E 🌼

"အ! ..."

အိပ်နေရင်း..နေရာရွှေ့လိုက်မိတော့..
ခန္ဓာကိုယ်အောက်ပိုင်းမှ..နာကျင်မှုကြောင့်..
နွေဦးနိုးလာခဲ့သည်။

ညကအကြောင်းတွေပြန်စဥ်းစားမိတော့..
အရူးတစ်ယောက်လို..စိတ်လွတ်သွားခဲ့
သည့်..ကိုယ့်ကိုယ်ကို..ထုချင်လာသည်။

ဘာလို့ဟိန်းထက်သာရဲ့ဆွဲဆောင်မှုနောက်..မျောပါသွားရတာလဲ><

ဘေးကိုကြည့်လိုက်တော့..ညက
သောင်းကျန်းချင်သလိုသောင်းကျန်းနေခဲ့
သည့်ဟိန်းထက်သာကမရှိတော့..

ဘာလဲ..ဒီလူအခုလုပ်ချင်ရာလုပ်ပြီးသွားမှ..စကားတစ်ခွန်းမပြောဘဲထွက်ပြေးသွားတာလား..

နွေဦးခန္ဓာကိုယ်မှာလဲမသန့်ရှင်းရသေး..
စေးကပ်ကပ်နဲ့..စိတ်ပျက်ဖို့ကောင်းလိုက်တာ။

လူကိုလုပ်ချင်တိုင်းလုပ်သွားပြီးတော့..နည်းနည်းပါးပါးတောင်..သန့်ရှင်းရေးလုပ်ပေးမသွားဘူး..။

ကိုယ့်ဘာသာကိုယ်ပဲ..သန့်ရှင်းရန်ထမိတော့အောက်ပိုင်းမှနာကျင်မှုကစူးကနဲ...။

နွေဦးကြိုးစားထကာရေချိုးခန်းထဲသို့သွားပြီးကိုယ့်ကိုယ်ကိုသန့်ရှင်းလိုက်သည်။ ထို့နောက်ကုတင်အောက်တွင်ပြန့်ကျဲနေသောအဝတ်အစားများကိုပြန်လဲထားလိုက်သည်။

အင်္ကျီကတော့ပြဲသွားပြီ..ရိုးရိုးတန်းချွတ်လဲရပါတယ်..အတင်းဖြဲပစ်တယ်..။

ဟိန်းထက်သာရဲ့ကျန်ခဲ့တဲ့Coatအင်္ကျီကြီးဝတ်ထားလိုက်ကာ..ဘာလုပ်ရင်ကောင်းမလဲလို့..ကုတင်ပေါ်မှာထိုင်စဥ်းစားနေမိသည်..။ အိပ်ယာေပါ်ကသေွးကွက်ကြီးကိုလည်းဘယ်လိုရှင်းရပါ့မလဲ...

ထိုစဥ်အခန်းထဲကိုလူတစ်ယောက်ဝင်လာပြီး ထိုလူကနွေဦးကိုစူးစမ်းသလိုကြည့်ပြီးမှ...

"အစ်ကို့နာမည်ကအောင်နိုင်ပါ ဟိန်းထက်သာရဲ့မန်နေဂျာ ဒီက"

"နွေဦးရိပ်ပါ"

သူကိုယ်တိုင်မဖြေရှင်းဘဲ..မန်နေဂျာကိုလွှတ်လိုက်တဲ့သဘောကဘာလဲ..

"ညီလေးကြည့်ရတာအသက်တော်တော်ငယ်မဲ့ပုံပဲ ကျောင်းရောပြီးပြီလား"

နှောင်ကြိုးလေး { Completed }Where stories live. Discover now