အပိုင်း၃၂

10.4K 721 0
                                    

U N I C O D E 🌼

"အမလေး လာပါအုံးတီတီ့ပူတူးလေး ချောလာလိုက်တာ မှတ်မိလားတီတီ့ကို"

ချမ်းမြေ့တို့အိမ်ကိုရောက်ပြီးကားပေါ်ကဆင်းဆင်းချင်း မကြီးသူဇာအောင်ကသာထက်သျှားလေးကိုချီကာပြောသည်။နောက်မှပါလာသောကြီးမေက

"ဟဲ့ ကလေးကတစ်နှစ်လောက်ကတည်းကပြောင်းသွားတာညီးကိုမှတ်မိမလား ငါ့တူတို့လာမယ်ဆိုလို့တစ်အိမ်လုံးကမျှော်နေကြတာ"

"ကြီးမေ နေကောင်းတယ်နော် သားကကြီးမေကိုလွမ်းနေတာ "

ကြီးမေကိုတွေ့တွေ့ချင်း နွေဦးဖက်လိုက်ကာ နှုတ်ဆက်လိုက်သည်။
ပြောင်းသွားကတည်းက ခုမှပြန်တွေ့ရခြင်း။

"အမလေး ကြီးမေကလည်းသားကိုလွမ်းနေတာပါတော့် မင်္ဂလာပွဲတုန်းက မလာနိုင်တာ ဘယ်လိုမှမအောင့်မေ့ပါနဲ့သားရယ်"

"ရပါတယ်ကြီးမေရဲ့.."

"ကဲ လာအိမ်ထဲဝင်ကြစို့.."

ချမ်းမြေ့နှင့်ဟိန်းထက်သာကအထုပ်တွေချနေတုန်းနွေဦးနဲ့သုတကကြီးမေနဲ့အတူအိမ်ထဲအရင်ဝင်သွားလိုက်သည်။

သားကိုတော့မကြီးနဲ့မလေးကတစ်ယောက်ပြီးတစ်ယောက်ချီနေကြကာအလွမ်းသည်နေကြလေသည်။

အိမ်ထဲရောက်တော့အန်တီကိုတွေ့တာကြောင့်နွေဦးနှုတ်ဆက်လိုက်သည်။

"အန်တီ နေကောင်းတယ်မလား "

"ကောင်းပါတယ်သားရဲ့ အရင်ကထက်အများကြီးသက်သာလာပါတယ် "

ခဏကြာတော့ ချမ်းမြေ့တို့လည်းအိမ်ထဲဝင်လာပြီးဧည့်ခန်းထဲမှာဝင်ထိုင်ကြသည်။

ဟိန်းထက်သာကနွေဦးဘေးတွင်ဝင်ထိုင်လိုက်ပြီးအရင်နှုတ်ဆက်လိုက်သည်။

"သားကိုယ်ဝန်နဲ့တုန်းကရိပ်ကိုစောင့်ရှောက်ပေးခဲ့လို့ အန်တီတို့ကိုကျေးဇူးတင်ပါတယ်"

"မလိုပါဘူးကွယ် နွေဦးကလည်းအန်တီတို့သားပါပဲ "

"ကဲ ကားစီးလာရတာဆိုတော့ပင်ပန်းနေကြမှာပေါ့ ကြီးမေတို့အခန်းပြင်ပေးထားတယ် နွေဦးတို့အခန်းလေးကိုအရင်အတိုင်းပဲထားထားတာ အဲ့မှာနေလိုက်ကြနော် "

နှောင်ကြိုးလေး { Completed }Where stories live. Discover now