Chapter (1)

18.2K 1.2K 45
                                    

မောင့်ရဲ့ လေးငယ်💚
___________________

"ခွမ်း..."

ဒါက သုံးလုံးမြောက်ပန်းအိုးပဲ..၊
စိတ်ထဲမှလဲ ရေတွက်ရင်း လက်သီးကို ခပ်တင်းတင်း ဆုပ်ထားမိသည်။ ပါးးဒေါသထွက်လာရင် ဘယ်သူမှ မကယ်နိုင်ဘူး..။

"အစ်ကို..ကလေးကို အဲ့လိုမလုပ်ပါနဲ့.."

"မင်းပါးစပ်ပိတ်ထားစမ်း! အဲ့လိုအလိုလိုက်လို့ ဒီကောင်က ကမ်းတတ်နေတာ.."

ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေသော ကောင်ငယ်လေးတစ်ယောက်၊ နီကြောင်ကြောင်ဆံပင်အုပ်အုပ်လေးက နေလောင်လို့တော့မဟုတ်ခဲ့ လှချင်လို့ ဆိုးထားခြင်းပင်..။

ဒူးထောက်နေရသော်လည်း သူ့မျက်နှာပေါ်မှာ နာခံမှုတို့က တစ်စွန်းတစ်စမှ ရှိမနေ..၊ ပါးစောင်းတစ်ဖက်က နိမ့်လိုက် မြင့်လိုက်ဖြစ်နေပုံက ပီကေဝါးထားခြင်း ဆိုတာ လူတိုင်းသိသည်..။

"ရှောင်းကျန့်!"

"ဗျာ..."

"မင်းအပြစ် မင်းသိလား?"

မျက်လွှာအသာ ပင့်ကြည့်ရင်း အဖေဖြစ်သူကို ဘုရှိုးရှိုးလာပုံက တကယ့်ကို ဖြတ်ရိုက်ပစ်ချင်စရာလေး..။ မိန်းမဖြစ်သူ ဆွဲထားလို့သာပဲ မဟုတ်ရင်တော့ ဒင်းးငါ့အကြောင်း ကောင်းကောင်းသိရတော့မှာ..။

"သားငယ် သားပါးပါး မေးတာကို ဖြေလိုက်လေ.."

မားးကမျက်ရိပ် မျက်ကဲပြလာတာမို့ ပီကေကို ပါးစပ်ထဲမှ ထွေးထုတ်ပြီး လက်ခုံမှာကပ်ထားလိုက်သည်..။ ဒါမှ ပြီးရင်ပြန်စားလို့ရမှာ

ကိုယ့်အမူအရာတွေတိုင်းက ပါးးကိုစိတ်အနှောင့်အယှက် ဖြစ်စေပုံပင်..။ ဖြောင်း ခနဲရိုက်ချက်နှင့်အတူ ဇတ်ပိုးဟာတစ်ခုလုံး ထူပူသွားခဲ့သည်။

"အား...နာတယ်လို့.."

"အစ်ကိုရယ် တော်ပါတော့ ကလေးကိုမနှိပ်စက်ပါနဲ့.."

သားးက သဲသဲဆို အမေက ကဲကဲ.. ခုတော့ ပန်အိုးကွဲတွေကြားမှာ ငိုမဲ့မဲ့ ဖြစ်နေသော သားဖြစ်သူနှင့် ကိုယ့်ကို မျက်ထောင့်နီကြီးနှင့် ကြည့်လာသော မိန်းမဖြစ်သူကြောင့် ရှောင်းပါးပါးမှာ ကူရာကယ်ရာ မဲ့လာသည်။

"မောင့်ရဲ့...လေးငယ်💚"[[ COMPLETED ]]✔Where stories live. Discover now