Chapter (32)

5.6K 746 30
                                    


မောင့်ရဲ့လေးငယ်💚
"""""""""""""""""""

ရှောင်းလင်းကျီ မှာ သားဖြစ်သူကို ကြည့်ပြီး မျက်ခုံးတောင် အနည်းငယ် လှုပ်ချင်လာသည်..။ မကြားဖူးတာတွေရော..၊ မမြင်ဖူးတာတွေရော မျက်စိရှေ့မှာ ဖြစ်ပျက်နေတာကြောင့် အိပ်မက်လားဟုတောင် ထင်ယောင်​ေနမိတယ်..။ မိန်းမကလဲ မျက်စပစ်ပြလာတာကြောင့် အဟမ်းဟု အသံပြုလိုက်ရင်း...

"ရိပေါ် နဲ့ ရန်ဖြစ်လာတာလား? "

Sofa ပေါ်မှာ ပိုးလိုးပက်လက် ဖြစ်နေသော ရှောင်းကျန့်မှာ မျက်နှာကြက်က မီးဆိုင်းကြီးကိုသာ အကြောင်းမဲ့ စိုက်ကြည့်နေပြီး...

"ရန်မဖြစ်ပါဘူး.. အထက်တန်း ပြန်ဖြေမလို့ ပေကျင်းကိုပြန်လာတာ.."

တစ်ချို့တွေက အံဩလွန်း၍ ထအော်ကြလိမ့်မည်..၊ ရှောင်းလင်းမယားမှာတော့ အံ့ဩသဖြင့် မျက်လုံးတွေပြူးကာ အသံ​ပင်ထွက်မလာ..။

"ကျွန်တော် လိမ်လိမ်မာမာ နေတော့မယ် ၊ ဒါပေမယ့် Company လုပ်ငန်းတွေ မလုပ်ချင်ဘူး၊ အဲ့ဒါကြောင့် အထက်တန်းကို တမင်ကျအောင်ဖြေနေတာ.."

"ဟေ!! "

သူများတွေ ကြားရင်တော့ အပိုပြောနေတာလို့ ထင်မှတ်မိမှာမလွဲ..၊ သို့ပေမယ့်အကြောင်းပြချက်က ဆီလျော်မှုရှိလှသည်..။စာကြည့်ခန်းထဲက မှန်ဗီရိုထဲတွင် နှစ်စဥ်နှစ်တိုင်းရခဲ့တဲ့ ဆုတွေကသက်သေပင် မဟုတ်လား? သို့ပေမယ့် ထူးခြားစွာပင် အထက်တန်းကျနေခြင်း..၊ အပေါင်းအသင်းမှားပြီး အပျော်အပါး မက်သွားတယ်လို့ထင်နေမိတာ..၊ ခုတော့အကွက်ကျကျ လိမ်ညာမှုကြီးပါလား?

ေရှာင်းမား ကတော့ ဟင်းခနဲသက်ပြင်းချကာ ထုံးစံအတိုင်း တရားချတော့သည်..။

"မားတို့မှာ သားတစ်ယောက်တည်း ရှိတာလေ ၊ သားငယ်က Company ကို မဦးစီးချင်ဘူးဆိုတော့ မားးတို့က ဘယ်သူ့ကို ဦးစီးခိုင်းရမှာလဲ? သားရဲ့ ပါပါးကလဲ အသက်တွေကြီးနေပြီလေ.."

" မသိဘူးဗျာ Company ကိစ္စကိုနောက်မှပြောတော့ ခု အထက်တန်းအောင်ဖို့ အရေးကြီးနေတယ် နောက်ပြီး ကျွန်တော့်ရှေ့မှာ ဝမ်ရိပေါ်ဆိုတဲ့ စကားလုံးဝမပြောနဲ့ ပြောတာနဲ့ တသက်လုံး စာမေးပွဲမဖြေပဲ ချူံးချင် မှာပြန်သွားနေလိုက်မှာနော် အပြောသမားမဟုတ်မှန်း..ပါးးနဲ့မားးသိပါတယ်.."

"မောင့်ရဲ့...လေးငယ်💚"[[ COMPLETED ]]✔Where stories live. Discover now