Chapter (12)

8.1K 845 28
                                    


မောင့်ရဲ့လေးငယ် 💚
*******************

"ပြန်ချင်နေပြီလား?"

ဂိုထောင်ထဲသို့ စတော်ဘယ်ရီခြင်းများကို ရွေ့နေရင်း မှုန်ကုပ်နေသော အဆိုးကောင်လေးအား ရိပေါ်မှာ စကားစလိုက်သည်..။ ဘာပြောကောင်းမလဲ..ရှောင်းကျန့်တို့ အားတတ်သရော ပြန်​ဖြေလာပုံက ကြောက်ခမန်းလိလိ..

"အင်း...မောင် လဲ ပြော​ေတာ့မလို့ ပြန်ရအောင်လေ ညနေ ၅နာရီကျော်နေပြီ နောက်ပြီး ဒီနေရာက စပျစ်ခြံထက် ပိုအေးသလိုပဲ နည်းနည်းတောင်ချမ်းလာပြီ.."

ရှောင်းကျန့်က နောက်ဆုံး စတော်ဘယ်ရီခြင်းကို သယ်လိုက်ရင်း ချမ်းနေမှန်း သိသာအောင် ပခုံးကိုကျုံ့ပြလာသည်..။ ရိပေါ်က မသိချင်ယောင် ဆောင်လိုက်ရင်း..

"အင်း...မင်းကဆိုင်ကယ် မစီးရဲတာမို့ ခြံလုပ်သားတစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်မယ် အိမ်ပြန်ပြီး ကောင်းကောင်း အနာယူလိုက် စားချင်တာရှိရင် နောက်ဖေးတန်းလျားကိုသွားပြီး ပိုင်လု အမေကိုချက်ခိုင်းလိုက်.."

ရှောင်းကျန့်မှာ အဆီအလျော် မတည့်သော စကားများကြောင့် နဝေတိမ်တောင်နှင့်..

"အမ်! လေးငယ်က ဒီမှာအိပ်မှာလား? နောက်ပြီး ဘာလို့.."မင်း"ဆိုတယ့်နာမ်စား သုံးရတာလဲ? မောင်လို့ခေါ်ရတာ အဲ့လောက်တောင်မှ ခက်ခဲနေလို့လား?"

ရှောင်းကျန့်မှာ ပတွတ်ပတွတ် ရေရွတ်ရင်း ရိပေါ့်လက်ကို ဆတ်ခနဲဆောင့်ဆွဲလိုက်ပြီး ရင်ခွင်ထဲ ထည့်ထားလိုက်သည်..။

လေးငယ်ကတော့ ထုံးစံအတိုင်း ရုန်းမြဲရုန်းနေကာ ဘယ်သောအခါမှ ချစ်ခြင်းမေတ္တာကိုကြည်ဖြူစွာ မခံယူပေ..။

"ကျစ်! ဘာဖြစ်ရပြန်တာလဲ?ဖယ်စမ်းကွာ!"

"ဖယ်ဘူး ဂိုထောင်ထဲ ဘယ်သူမှ မလာဘူး လေးငယ်ကို သေမတတ် ဖက်ချင်နေတာ ချမ်းပါတယ်လို့ ပြောနေတာကို အထာမပေါက်ဘူးလား အရမ်း ဒူတာပဲ.."

ရိပေါ်မှာ အဖက်ခံရတယ့်အပြင် ဒူတယ်လို့အပြောခံ လိုက်ရတာကြောင့် ရှောင်းကျန့်နားရွက်ဖျားကို ခပ်နာနာလေး လိမ်ဆွဲလိုက်ပြီး..

"မောင့်ရဲ့...လေးငယ်💚"[[ COMPLETED ]]✔Where stories live. Discover now