မောင့်ရဲ့...လေးငယ်💚
••••••••••••••••••••••••••Suitcase ထဲ Dior ၊ Gucci နဲ့ FILA တံဆိပ်များကို ရွေးထည့်လိုက်ရင်း နှုတ်ခမ်းပါးလေးက ခပ်လွန့်လွန့်ပြုံးသည်။
ပေကျင်း မြို့ကြီးမှာ ကိုယ်မရောက်ဖူးတယ့်နေရာက မရှိသလောက်ပဲ၊ စပျစ်ခြံသွားဆိုတော့လဲ သွားလိုက်ရုံပဲ..၊ အဓိကက စာမကျက်ရရင်ပြီးရော..။
"သားငယ်..မားးဝင်ခဲ့မယ်နော်"
"ဟုတ်.."
ရှောင်းကျန့်က Suitcase ကို Zipပိတ်လိုက်ပြီး ခုံပေါ်က ဖုန်းကို ဘောင်းဘီအိတ်ထဲ ကောက်ထည့်လိုက်သည်။ ပြီးမှ ကိုယ့်အနားရောက်လာတယ့် မားးကို မော့ကြည့်ရင်း...
"ဘယ်လိုဖြစ်ရတာလဲ? မျက်နှာက မသာမယာနဲ့..၊ ဘာလဲ ကျွန်တော်က နယ်ဘက်ကို မသွားနိုင်ဘူးထင်လို့ လင်မယားနှစ်ယောက်ပေါင်းပြီး စမ်းသပ်ကြတာမလား?"
ရှောင်းမား က မျက်ရည်လေး တစမ်းစမ်းနဲ့..
"စမ်းသပ်တာမဟုတ်ပါဘူး သားငယ်ရယ် မသွားချင်ရင် သားးအဖေရဲ့ဆန္ဒအတိုင်း စာမေးပွဲပြန်ဖြေ..."
"အာ..တော်ပါပြီ စာမေးပွဲ အကြောင်းကြားရင် ခေါင်းကိုက်တယ်ဆို စာအုပ်မြင်ရင် အန်ချင်တယ် မားးကလဲ ..ကိုယ့်သားအကြောင်းသိရက်သားနဲ့.."
ရှောင်းမားက စိတ်လျော့လိုက်ပုံနှင့်..ပိုက်ဆံတစ်ထပ်ကို ရှောင်းကျန့်လက်ထဲ ထည့်ပေးလာကာ...
" ကဒ်နဲ့ဆို အဆင်မပြေမှာစိုးလို့ ဒီအတိုင်းယူသွား ကဒ်ထဲလဲ ထပ်ထည့်ပေးဦးမယ် ဟိုမှာလိမ်လိမ်မာမာနေနော်.."
ပိုက်ဆံ အထပ်လိုက်ကို အင်္ကျီအတွင်းအိပ်ကပ်ထဲ မဆန့်မပြဲ ထိုးထည့်လိုက်ပြီး..ယုန်သွားများပေါ်အောင် ဟီးခနဲရယ်ချလိုက်သည်..။
သူ့ကြည့်ရတာ ပျော်ပွဲစားထွက်ခါနီး မိဘဆီက ပိုက်ဆံတောင်းနေသလို..။
"မားး..စိတ်မပူပါနဲ့၊ ကျွန်တော်က ပါးးပြောသလိုပဲ Basic ပိုင်းကို လေ့လာရုံလောက်ပဲလုပ်မှာ ၊ အလုပ်သမားတွေလို ပင်ပန်းမှာမှမဟုတ်တာ Don't Worry My Mom"
ထိုစဥ် အခန်းတံခါးက ချပ်ခနဲပွင့်လာကာ..
"ဘာလုပ်နေကြတာလဲ?
ကားထွက်ဖို့ ဘယ်လောက်မှ မလိုတော့ဘူး ကိုယ်ပိုင်ကားနဲ့ သွားရမှာ မဟုတ်ဘူးနော် အများသုံး Express ကားနဲ့သွားရမှာ"
VOUS LISEZ
"မောင့်ရဲ့...လေးငယ်💚"[[ COMPLETED ]]✔
Fanfiction✅// ZhanYi //✅ Fanfiction Xiao Zain is Gong မထင်မှတ်ထားတယ့် နေရာမှာ မမျှော်လင့်သော အချစ်တစ်ခုက စောင့်ကြိုနေသောအခါ တစ်ထောင့်တစ်ည ပုံပြင်တွေကို ကလေးလေး တစ်ယောက်ကြောင့် နှစ်သက်လာသောအခါ Start-----------12.7.2020 Ending--------12.10.2020 Ownstory Sanaymo...