Extra ♥💚

8.4K 730 19
                                    

မောင့်ရဲ့လေးငယ် ( အပိုင်းပို)

🥛.....🍇.....🍓.....🌧......👨‍❤️‍💋‍👨

ဒီနှစ် ရာသီဥတုအခြေအနေက အဆိုးဘက်ကိုရောက်သည်..၊ စပျစ်တွေဖူးချိန်မှာ ရုတ်တရတ် မိုးကြီးတာမို့ အပင်တွေက နာလန်မထူနိုင်တော့တဲ့အပြင် အသီးကင်းတွေပါ ကြွေကျကုန်သည်..။ ခုလဲအပြင်ဘက်က မိုးသက်လေပြင်းကို ကြည့်ရင်း ရှောင်းကျန့်စိတ်တွေက လှိုင်းထန်လို့နေပြီ..။ ဒီမိုးနဲ့ဆိုရင် စတော်ဘယ်ရီတွေလဲ အနည်းနဲ့ အများတော့ထိခိုက်မှာပဲ..။ ထွက်နှုန်းလျော့ရင် ဝင်ငွေကလဲ down ပြီလေ..။

"ဟားး...ဟားး.."

အပြင်က မိုးသံကိုလွှမ်းအောင် ရယ်လိုက်သူက တစ်ခြားသူတော့မဟုတ်ခဲ့..၊ သူ့ရဲ့ ဦးအသေးလေး ဝမ်ရ်ပေါ်ပင်..။

TV ပေါ်က Funny Moment ကိုကြည့်ပြီး ဟီလာထသနေကာ ကြမ်းပြင်ပေါ်မှာလဲ အမှိုက်များကို ကာလာစုံအောင် ဖွထားသေးတယ်..၊ ဖရုံစေ့ခွံနဲ့ လေဖောင်းမုန့်အိတ်ခွံတွေက တစ်ယောက်တည်း စားထားတယ်လို့တောင် ယုံနိုင်ဖွယ်ရာမရှိ..။ ပေါင်ပေါ်မှာလဲ သစ်သီးပန်းကန်ကို တင်ထားသေးသည်..၊ လူကောင်နဲ့မလိုက်အောင် ဦးအသေးလေးက စားနိုင်လွန်းတယ်..။

"အ..ဟား..သေတော့မယ် ရယ်ရလို့..ခွီး..မောင်ရေ..ငါ့အတွက်နွားနို့တစ်ခွက်လောက်ယူပေးပါဦး.."

"အင်း.."

မကြာဘူး၊ ရီပေါ့်လက်ထဲ နွားနို့တစ်ခွက် ရောက်လာပြီး Sofa တစ်ခြမ်းက သိမ့်ခနဲဖြစ်သွားမို့ အသာစောင်းငဲ့ကြည့်ရင်း..

"မောင် ဘာတွေဖြစ်နေတာလဲ? ထိုင်းမှိုင်းနေလိုက်တာ.."

"မထိုင်းမှိုင်းလို့ရမလား? ဒီရာသီဥတုနဲ့ဆို Exports ပစ္စည်းတွေအတွက် Date ကရွေ့လိုက်ရတော့မှာ..၊ ရှန်ဟိုင်း က ပါတနာကလဲ Wineဖြူ ကိုထပ်လိုချင်သေးတာတဲ့..၊ နောက်ပြီး စတော်ဘယ်ရီတွေက..အာ..လေး..ငယ်.."

စကားများသော ပါးစပ်လေးက ပန်းသီးစိတ်နဲ့အပိတ်ခံလိုက်ရတယ်..။ အသက်ရလာတဲ့နောက်ပိုင်း ရိပေါ်တို့က ဆူညံတာကို မကြိုက်တော့ဘူး..။ ခုလဲပန်းသီးစိတ်ကို အမြန်ဝါးပြီး ပြူးပြူးပြဲပြဲ ကြည့်လာတဲ့ ေရှာင်းကျန့်ကြောင့်..ပလုတ်တုတ်လေးလို ခေါင်းခါရင်း..

"မောင့်ရဲ့...လေးငယ်💚"[[ COMPLETED ]]✔Where stories live. Discover now