Chapter(16)

7.2K 801 47
                                    


မောင့်ရဲ့လေးငယ်
*****************

"လေးငယ်...လေးငယ်..ဘယ်မှာလဲလို့"

ခုတ​ေလာ မနက်ခင်းတိုင်းဟာ ဤသို့သာအစပြုသည်..။ အရင်ကဆို စောစောနိုးတတ်ပေမယ့် ခုနောက်ပိုင်း ပေကျင်းက အကျင့်တွေက ပြန်ကူးစက်လာတာမို့ ရှောင်းကျန့်နိုးတယ့်အချိန်ဟာ နေမြှင့်လေ့ရှိသည်..။

ခုလဲ..နာရီကို ကြည့်လိုက်တော့ ကိုးနာရီကျော်လို့ ဆယ်နာရီကို ညွှန်ပြနေသည်..။ စားပွဲပေါ်က မနက်စာကိုကြည့်ပြီး အိမ်ထဲမှာ လေးငယ်ကို လိုက်ရှာကြည့်သေးသည်..။ သို​ပေမယ့် ကိုယ့်ရဲ့ဦးအသေးလေးက ဒီအချိန်ဆို ခြံထဲ ရောက်နေလောက်ပြီမို့..အိပ်ချင်မူးတူးမျက်နှာနှင့်..ဆပ်ပြာသည်လင်ပျောက်ရှာနေရခြင်း..။

"လေးငယ်ရေ....."

စပျစ်ခြံ တစ်လျှောက် ပြဲပြဲစင်အောင်ထွက်လာသော အသံလေး အသံကြောင်တို့ကြောင့် ခြံလုပ်သား​တွေရဲ့ အကြည့်များသည် ညအိပ်ဝတ်စုံ နဲ့ ရှောင်းကျန့်ဆီမှာသာ မြဲမြံ​ေနလျှက်..၊ နယ်ဘက်ဆိုသည့် အလျောက် နေမြင့်အောင် အိပ်တယ့်သူကို တွေ့ဖို့ဆိုတာ တကယ့်ကိုမလွယ်ကူလှ..

"ဟေ့...ပိုင်လု လေးငယ်ကို တွေ့မိသေးလား?"

စပျစ်သီးခူးနေတယ့် ပိုင်လုက ရှောင်ကျန့်နားလှစ်ခနဲ ရောက်လာပြီး..

"မနက်ကတည်းက မြို့ပေါ်တတ်သွားတယ်၊ အစ်ကိုလေး ကြိုက်တယ့် အစားအစာတွေကို ကျွန်တော် ပြင်ပေးထားတယ်လေ.. စားပွဲပေါ်မှာ မတွေ့ခဲ့ဘူးလား?.."

"တွေ့တယ်.."

ရှောင်းကျန့်မှာ ထိုစကားတစ်ခွန်းသာ ပြောပြီး စူအောင့်အောင့် နဲ့အိမ်ကြီးဆီ ပြန်လျှောက်လာလိုက်တယ်..၊ နှုတ်ခမ်းထော်ပြီး ပါးစပ်က ပတွတ်ပတွတ် ရေရွတ်နေခြင်းကို ကြည့်ခြင်း အားဖြင့်..စိဆ်ဆိုးနေမှန်း သိသာစေသည်..။

" တစ်ယောက်တည်း ထားခဲ့တယ် မြို့ထဲသွားတာများ ခေါ်တော့ မြွေကိုက်မှာမို့လို့လား? စိတ်ဆိုးတယ် ပြန်လာရင် ရှောင်းကျန့်အကြောင်း ကောင်းကောင်းသိစေရမယ်.."

ကြာကြာမငြူစူလိုက်ရ..၊ ဆိုင်ကယ်ဘရိတ်အုပ်သံနှင့်အတူ မိမိဘေး ရောက်ရှိလာတယ့် အရိပ်ကလေး..။

"မောင့်ရဲ့...လေးငယ်💚"[[ COMPLETED ]]✔Opowieści tętniące życiem. Odkryj je teraz