Chapter (14)

7.6K 774 43
                                    

မောင့်ရဲ့လေးငယ် 💚
*******************

မှိုင်းဖျဖျ တောင်းတန်းကြီးကိုကြည့်ပြီး ဝိုင်သောက်ရတယ့် Feeling ကို ရိပေါ် တကယ်ကြိုက်သည်..၊ ခုလဲ နေ့လည်စာ စားပြီးတော့ စတော်ဘယ်ရီတစ်ခွက်နဲ့ ငြိမ့်နေမိတယ်..။

အဆိုးကောင်လား?
သူကတော့ နွားမကြီးနဲ့ ပတ်သက်ပြီး ပူဆွေးနေတုန်းပဲ..။

Exports ပို့မယ့် ဒိန်ချဥ်တွေ၊ နွားနို့တွေ၊ ပူတင်းတွေကိုလဲတွေ့ရော..မျက်ရည်တွေ ဘူးသီးလုံးလောက် ကျလာပြီး သနားလိုက်တာဆိုပဲ..။ ဒါမှန်းသိရင် ေတာင်ပိုင်းကိုမလာဘူးလို့တောင် ထအော်နေသေးတယ်...။

"လေး ငယ် ရေ.."

ဟော လာပြီ တွေးလို့တောင် မဆုံးသေးဘူး..။ထမင်းလုံးတောင် မစီရသေးဘူး​လေကွာ Oမ်ရိပေါ်တို့က ကလေးထိန်းရတော့မှာလား?

ရှောင်းကျန့်မှာ ကုန်းပြေပြေလေးပေါ် ကြိုးစားပမ်းစား တတ်လာပြီး လေညင်းခံရန်ဆောက်ထားတယ့် တဲလေးထဲကို ဝင်လာလိုက်သည်..။ လေးငယ်က Wine ခွက်ကိုလှုပ်လီလှုပ်လဲ့ ကစားနေရင်း မိမိကိုစောင်းကြည့်လာကာ..

"ဘယ်လိုဖြစ်လို့ ပြေးလွှားနေလဲ? "

မေးတာက တစ်ခြား ဖြေတာကတစ်ခြားနှင့်..လိုက်ဖက်နေပုံက နတ်ဖတ်တယ့် စုံတွဲတွေအတိုင်း..။

"မောင် လဲ Wine သောက်ချင်တယ်.."

Wine သောက်ပြီး နမ်းချင်တယ်လို့သာ ဒဲ့ပြောလိုက်ပါလား..ေရှာင်းကျန့်ရယ်၊ မင်းအထာတွေ ငါနပ်နေပါပြီ..။ သို့ပေမဲ့ အပြင်မှာတော့ ရုပ်တည်ကြီးနဲ့...

"မသောက်နဲ့...စတော်ဘယ်ရီWine က စပျစ် Wine လောက်အရသာ မကောင်းဘူး ဖျော်ရည်ထက် နည်းနည်းသာတာပဲရှိတာ.."

ရှောင်းကျန့်က ဟွင်းခနဲနှာမှုတ်ပြီး နှုတ်ခမ်းစူသည်..။ ပြီးနောက် စားပွဲပေါ်က စတော်ဘယ်ရီသီးများကို ကြည့်လိုက်ပြီး..

။ ပြီးနောက် စားပွဲပေါ်က စတော်ဘယ်ရီသီးများကို ကြည့်လိုက်ပြီး

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.
"မောင့်ရဲ့...လေးငယ်💚"[[ COMPLETED ]]✔Opowieści tętniące życiem. Odkryj je teraz