Chapter (33)

6K 755 21
                                    


မောင့်ရဲ့လေးငယ် 💚
"""""""""""""""""""""

ခေါင်းငိုက်စိုက်ကျပြီး ပေကျင်းကနေ ရိပေါ်ပြန်ရောက်လာခဲ့တယ်..၊ သုံးရက်လောက် အိပ်ရာထဲလဲ သွားတာကြောင့် ပိုင်လုမားမားမှာ မနည်းကို ပြုစုလိုက်ရသည်..၊ ခုလဲ ပိုင်လုမှာ ဆန်ပြုတ်ပန်းကန်နဲ့ အခန်းထဲဝင်လာရင်း..

"သူဌေးလေး ညစာစားချိန် ရောက်ပါပြီ.."

"အင်း ထားခဲ့ "

အရင်နေ့တွေကလောက် ဖျော့တော့ မနေတာကြောင့် ပိုင်လုမှာနည်းနည်းတော့ပျော်မိသား..၊ သူဌေးလေး နေမကောင်းရင် ကိုယ်က အလုပ်ပိုပင်ပန်းတယ်လေ..။

"ယုအယ် ကို တကယ်ချစ်တာလား? "

"ဗျာ!!! "

ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ် တင်လိုက်လို့သားပဲ..၊ မဟုတ်ရင် အလန့်တကြားနဲ့ ကြမ်းပြင်ပေါ် မှောက်ကျနေရော့မယ်..။ ကုတင်ပေါ် ခပ်လျောလျော မှီထိုင်ရင်း ဝမ်ရိပေါ်က စကားကိုဆက်သည်..။

"ငါရိပ်မိနေတာကြာပြီ  ခု အတည်ပြုချင်လို့"

"ဟုတ်..ဟုတ်ပါတယ်.."

"အဲ့လိုဆို သွားတော့ "

"ဗျာ.."

ပိုင်လုမှာ တုံဏှိဘာဝေးနဲ့ အခန်းထဲက အမြန်ထွက်လာလိုက်သည်..၊ နဖူးမှာ ချွေးစို့ရင်တင်မကပဲ ဒူးတောင် နည်းနည်းတုန်လာပြီ..၊ ဒါကဘယ်လိုအခြေအနေကြီးလဲ? သူဌေးလေးက သဘောတူတယ်ဆိုတယ့် သဘောလား?

ခုနက ရုပ်တည်နေသော ဝမ်ရိပေါ့်မျက်နှာဟာ ခုတော့ဖရိုဖရဲနဲ့..

"**Sob ဘာလို့ငါ့ကို တစ်ယောက်တည်းထားခဲ့တာလဲ? **Sob ပြောတော့ လေးငယ်ကိုချစ်တယ်ဆို..ဒါကချစ်တာလား? မင်းကိုလွမ်းလို့သေတော့မယ်.."

တိုးတစ်လှည့် ကျယ်တစ်လှည့် ရှိုက်သံတို့နှင့်အတူ ဆန်ပြုတ်ပန်းကန်လေးမှာလဲ အေးစက်စပြုလာသည်..၊ မင်းသာ ငါ့အနားရှိနေမယ်ဆိုရင် ကလေးဆန်တယ်လို့ ဘယ်တော့မှ မပြောတော့ပါဘူး..။


.****

Switzerland မှာ သိပ်အေးတာမို့ လေးငယ်ကိုပိုလွမ်းတယ်..။

ပြက္ခဒိန်ကို တစ်ရွက်လှန်ပြီး သက်ပြင်းဖွဖွချမိပြန်တယ်..၊ မိမိအဖြစ်က ေထာင်ကျနေတယ့် လူတစ်ယောက်လိုပဲ..၊ အားလုံးနဲ့အဆက်အသွယ် ဖြတ်ထားပုံက နည်းနည်းတော့ ရီစရာကောင်းလှသည်..။

"မောင့်ရဲ့...လေးငယ်💚"[[ COMPLETED ]]✔Where stories live. Discover now