Chapter (17)

7.3K 789 32
                                    


မောင့်ရဲ့လေးငယ်
****************

တစ်ခုခုတော့ တစ်ခုခုပဲ..
အရင်ကဆို ဘယ်နေရာသွားသွား စိတ်မချတတ်သော Daddy က ခုတော့ China ကိုတောင်စိတ်လိုလက်ရ လွှတ်လို့ပါလား?

စာမေးပွဲပြီးရင် အိမ်က
မလွှတ်ရင်တောင် ကိုယ့်အစီအစဥ်နဲ့ကိုယ် လစ်ထွက်ဖို့ ချောင်းနေတာလေ၊ ခုတော့ရေကန်အသင့် ကြာအသင့်နဲ့ မိုက်နေရောပဲ..။

Breakfast စားရင် ယုအယ်မှာ မျက်ခုံးတွေတောင် လှုပ်လာသည်..။ Daddy နဲ့ Mom က ပြုံးစိစိနဲ့ ကြည့်နေတယ့်အပြင် ပြောလာတယ့် စကားတွေကလဲ..

" ချူံးချင်မှာ အရမ်းတွေ လျှပ်စီးလက်မနေနဲ့ဦးး? နောက်ပြီး အတိုအပြတ်တွေ သိပ်မဝတ်နဲ့ ကိုယ့်Image ကိုထိန်း ကြားလား..ယုအယ်.."

"Yes Daddy.."

Mom ကတော့ ခေါင်းလေးကို ဖွဖွပုတ်ရင်း..

"သမီးလေးတောင် အရွယ်ရောက်လာပြီပဲ.."

ယုအယ်မှာ အမှန်အကန် စိတ်ရှုပ်လာတာကြောင့် ဇွန်းနဲ့ခရင်းကို စားပွဲပေါ်ဆောင့်ချလိုက်ပြီး..

"Mom နဲ့ Daddy က ဘာဖြစ်နေတာလဲဟင်! ယုအယ်ကို တစ်ခုခု ဖုံးကွယ်ထားသေးလား?"

ကျိုးချန် နဲ့ ဝမ်ချင် မှာ မျက်နှာပိုးသပ်ရင်း အစားကို ဆက်စားနေသည်..။ ကြိုမပြောပဲထားတာက ပို၍အဆင်ပြေသလို လူငယ်တွေအတွက်လဲ ပိုကောင်းတယ်မလား?

တော်ကြာ သတိုးသားလောင်းနဲ့ သွားတွေ့ဆိုရင် အိမ်ကသမီးက သွားမှာမဟုတ်ဘူး..၊ ဟိုရောက်မှ တစ်ခုခုဖြစ်ရင် ရိပေါ်ကြည့်ထိန်းလိမ့်မယ်..။ သမီးငယ်​က သူ့ဦးငယ်ဆို သဲသဲလှုပ်လေ..။

"Daddy...လို့.."

ကျိုးချန်မှာ လက်ကာပြပြီး Coffee ကို ဂွပ်ခနဲ မော့ချလိုက်သည်..၊ ပြီးနောက်ရုပ်တည်ကြီးနဲ့..

"မနက်ဖြန်သွားဖို့ အထုတ်အပိုး ပြင်ထားတော့..ချင်လေး က ဝိုင်းကူပေးလိုက်နော်.."

"ဟုတ်ကဲ့ အစ်ကို"

အလျင်တဆော အိမ်ရှေ့ထွက်သွားသော Daddy နှင့် ခပ်သုတ်သုတ် အခန်းထဲဝင်သွားတယ့် Mom ဖြစ်သူကြောင့်..ယုအယ်မှာထမင်းဝိုင်းမှာ ငိုင်ငိုင်ကြီး ကျန်ရစ်ခဲ့သည်..။

"မောင့်ရဲ့...လေးငယ်💚"[[ COMPLETED ]]✔Where stories live. Discover now