Chapter (10) 🔞

11.9K 911 52
                                    

မောင့်ရဲ့လေးငယ် 💚
******************

ရည်းစားစကား အပြောခံရလို့ မေ့လဲသွားသော သူကို ပြပါဆိုလျှင် ကျွန်တော့်ရဲ့လေးငယ်ကို လက်ညှိုးထိုးပြရလိမ့်မည်..။

ခြံလုပ်သားတွေရဲ့ အကူအညီကြောင့် ဆရာဝန်နဲ့ ပြပြီးပေမယ့် ထွေးထွေးထူးထူးဘာ့မှမဟုတ်ပဲ ေသွးထဲသကြားဓာတ်နည်းလို့ မူးလဲသွားတာတဲ့..။

ရှောင်းကျန့်မှာ လေပူတစ်ချို့ မှုတ်ထုတ်ရင်း Drip ပိုက်တန်းလန်းနဲ့ လေးငယ်လက်သေးသေးလေးကို မိမိပါးပြင်နဲ့ ထိကပ်လိုက်ကာ..

"သကြားဓာတ်နည်းရအောင် အိပ်ရေးလဲမပျက်ပဲနဲ့ ညညဆိုအိပ်လိုက်တာမှ မြေမျိုသွားရင်တောင် သိမှာမဟုတ်ဘူး Doctor က ရမ်းပြောတာထင်တယ်.."

ကိုယ့်ဘာသာ ပတွတ်ပတွတ် ရေရွတ်ရင်း တံခါးခေါက်သံကိုတောင် သတိမပြုမိ၊ လေးငယ်လက်ဖဝါး သေးသေးလေးက နူးညံ့တယ် ထင်ရပေမယ့် သေချာကိုင်ကြည့်လျှင် အသားမာတိုနှင့် ပြည့်နှက်နေသည်ကို ရှောင်းကျန့်သတိပြုမိသည်..။

"အစ်ကိုလေး...အစ်ကိုလေး.."

"ဘာပြောစရာရှိလို့လဲ?"

ခေါင်းတစ်လုံးပြူရင်း အခန်းထဲသို့ချောင်းကြည့်နေသော ပိုင်လုကြောင့် ရှောင်းကျန့်မျက်မှောင်တွေက ခပ်ကျုံ့ကျုံ့...

"ဟိုလေ...ဒီညသူဌေးလေးက 'တဆေး' ဝယ်မယ်ဆိုပြီး အဖေ့ကို ပြောထားတယ် ဒါပေမယ့် အခုအခြေအနေကြောင့် ကျွန်တော်နဲ့အဖေ ပဲသွားရတော့မယ်ထင်တယ် သူဌေးလေးနိုးလာရင်သာ အဲ့ကိစ္စလေးပြောပေးပါ.."

ရှောင်းကျန့်မှာ ဘာတစ်ခုမှ နားမလည်သော်လည်း စပ်စုချင်သေးသည် ။ ထို့ကြောင့်..ပိုင်းလုကို စူးစိုက်ကြည့်ရင်း..

"တဆေး က ဘာလုပ်ဖို့​လဲ?"

"အမ်! တဆေး က Wine လုပ်ရင်ထည့်ရတာလေဗျာ အဲ့ဒါထည့်ပြီး ကစော်ဖောက်မှ Wine ရမှာပေါ့ အစ်ကိုလေးရ အရင်ကဆို ခုလိုတကူးတကကြီး သွားဝယ်စရာမလိုဘူး ခုက ပစ္စည်းတွေ ပျက်ကုန်လို့.."

"အာ...ဟုတ်လား? သွားလေ လေးငယ်နိုးလာရင် ငါပြောထားလိုက်မယ်.."

ပိုင်လု ထွက်သွားတော့မှ ဟင်းခနဲသက်ပြင်းချလိုက်ကာ..

"Quality ကောင်းတယ့် Wine တစ်ပုလင်းရဖို့ အဲ့လောက်ထိ ခက်ခဲမှန်း ကျွန်တော်မသိခဲ့ဘူး လေးငယ်.."

"မောင့်ရဲ့...လေးငယ်💚"[[ COMPLETED ]]✔Where stories live. Discover now