Chapter (9)

8.5K 888 18
                                    

မောင့်ရဲ့လေးငယ်
*******************

ဒီနေ့တော့ ရှောင်းကျန့်မှာ စိတ်လိုလက်ရနှင့် ခြံထဲမှာ အလုပ်လုပ်နေသည်..။ တကယ်အလုပ်လုပ်ချင်လို့တော့ မဟုတ်ဘူး ၊ လေးငယ်ဆီက အမှတ် တေွလိုချင်လို့ ခုလိုလုပ်နေရတာ လွယ်တော့ မလွယ်ဘူးပေါ့..။

ခုလဲ အလုပ်ရှုပ်နေသော လူငယ်လေးတစ်သိုက်နား ခပ်သုတ်သုတ် ကပ်သွားလိုက်ပြီး အပြုံးချိုချိုလေးနှင့် အလာပ သလာပ ပြောတော့သည်..။ သူ့ကြည့်ရတာ အရမ်းကိုသွက်လက်နေရောပဲ..။

ခြံလုပ်သားများမှာလဲ သူဌေးဧည့်သည် ဆိုတယ့်အတိုင်း ရိုကျိုးစွာ ဆက်ဆံနေ သလောက် ယုန်တစ်ကောင်ကတော့ ပီကေလေးကို တစ်ထောက်ထောက်ဖောက်ရင်း..

"အဲ့တော့ ဒီနားမှာ Club တို့ KTV တို့မရှိဘူးပေါ့လေ မင်းတို့ငါ့ကိုလိမ်နေတာမလား?"

အကုန်လုံးက မျက်နှာအပျက်ပျက်နှင့် ခေါင်းခါကြသည်..။ မိမိတို့က ဒီဘက်ခြံထဲမှာဆိုပေမယ့် သူဌေးလေးက ကပ်လျက်စပျစ်ပျိုးခင်းထဲမှာ ရှိနေသည်လေ..၊ နောက်ကျောတွေမလုံဘူးဗျ..။

ရှောင်းကျန့်မှာ ဟိုတစ်ခါ စက်ဘီးငှါးတယ့် ပိုင်လု ကိုကြည့်ပြီးစိတ်ထဲမှာ မတင်မကျ..၊ ဘာလဲ?? လေးငယ်က ဆူလိုက်လို့ ဘာမေးမေး 'ဘူး' တစ်လုံးဆောင်နေကြတာလား?

"ဟွင်း.."

သက်ပြင်းကို ဟွင်း ခနဲမှုတ်ထုတ်ရင်း လက်လှမ်းမှီရာ စပျစ်ခိုင်တစ်ခုကို စိတ်တိုတိုနှင့် ဇက်ခနဲ ဆွဲဖြုတ်လိုက်သည်..။ အဲ့ခါမှအားလုံးက ပြူးတူးပြာတာနှင့်...

"အစ်ကိုလေး မလုပ်ပါနဲ့ စပျစ်သီးတွေ ခူးဖို့က 10 ရက်လောက် လိုပါသေးတယ်.."

"ခူးတော့ ဘာဖြစ်လဲကွာ မကျေနပ်ဘူးလား?ငါက ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ?"

ပြောနေရင်းနဲ့ပင် ရှောင်းကျန့်မှာ စပျစ်ခိုင်နောက်တစ်ခိုင်ကို ဆွဲဖြုတ်ချလိုက်တာမို့ ပိုင်လုတို့မှာ မျက်လုံးတွေ ပိုပြူးကုန်ကာ..

"အစ်ကိုလေး...သူဌေးလေး လာ.."

"ပါးစပ်ပိတ်ထားစမ်း လေးငယ်နဲ့ ငါ့ကိုလာမခြောက်နဲ့.."

ပီကေကို ဖွီး ခနဲ ထွေးထုတ်လိုက်ပြီး စပျစ်သီးတွေကိုသာ စိမ်ပြေနပြေ စားနေလိုက်တယ်..။ ချဥ်ပြုံးပြုံးနဲ့ ဆိုးတော့ မဆိုးပါဘူး..။ ကိုယ်က အစားငမ်းနေသလောက် ပိုင်လုတို့မှာ ကိုယ့်အနားက လှစ်ခနဲထွက်ပြေးသွားတာကြောင့်..

"မောင့်ရဲ့...လေးငယ်💚"[[ COMPLETED ]]✔Donde viven las historias. Descúbrelo ahora