Chapter (18) 🔞

11.1K 819 30
                                    


မောင့်ရဲ့လေးငယ် 💚
******************

ပေါင် ပေါ်လှဲအိပ်နေတာမို့လို့ နိုးသွားမှာ စိုးသဖြင့် ရိပေါ်မှာ နည်းနည်းလေးမှ မလှုပ်ရဲ..၊ မောင်က အအိပ်ဆတ်သည် မဟုတ်လား?အသက်ရှူသံ မှန်မှန်နှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသော ကောင်ငယ်လေးက ဟောက်သံတိုးတိုးလေးတောင် ထွက်၍နေသည်..၊ အပူအပင် ကင်းမဲ့နေလိုက်တာ..။

တစ်ရွေ့ရွေ့ ကုန်ဆုံးသွားသော နာရီ၊ မိနစ်တို့နှင့်အတူ အချိန်အားဖြင့် နေ့လည် 12 နာရီကိုတောင် ပါးပါးလေးစွန်းနေပြီ..။ ထိုအခါမှ ခါးပေါ် ရစ်တွယ်နေတယ့် လက်အစုံဟာ တင်းခနဲဖြစ်သည်..။ မောင် နိုးလာပြီပဲ..

ရှောင်းကျန့်မှာ အပျင်းကြောဆန့်ရင် မိမိခေါင်းအုံးလေးကို မော့ကြည့်လိုက်သည်..။စိတ်ထင်လို့လားမသိ မျက်ဝန်းတွေ ရဲတွတ်နေသလို..။

"လေးငယ်..မောင် အကြာကြီးအိပ်ပျော်သွားတာလား?? "

"အတိအကျပြောရရင် 7 နာရီနဲ့ 10 မိနစ်.."

"အမ်! ဟုတ်လား? မောင့်အတွေးထဲမှာ ခဏလေးလိုပဲ..ဟီး"

ရယ်သွမ်းရင်းနဲ့ အရွမ်းဖောက် နေသော်လည်း ကြင်နာသူက ပြုံးရယ်ခြင်း ကင်းမဲ့နေပြန်သည်..။ ဘာကြောင့်လဲဆိုတာ ဒီနေ့သိမှရမယ်..၊ သို့ပေမဲ့ မေးခွန်းတွေက လည်ချောင်း၌ပင် တစ်ကုန်ကာ ကြားလိုက်ရတဲ့စကားတစ်ခွန်းက..

"ငါတို့ ဇာတ်လမ်းကို အဆုံးသတ်လိုက်ရအောင်.. နောက်ပြီး မင်းကို မပြောပြခဲ့တယ့် အမှန်တရား တစ်ခုရှိတယ်.."

ပြန်လည်ချေပ ပြောချင်သော်လည်း ဦးအသေးလေးရဲ့ မျက်ဝန်းများကိုသာ လိုက်ဖက်နေရတာမို့ စကားသံတွေက ထွက်မလာခဲ့..။ လေးငယ်ကလည်း မျက်နှာသေကြီးနှင့် ဆက်ပြောလာသည်..။

"မင်း ကို ဒီကို ရောက်လာကတည်းက ငါကောင်းကောင်း ဆက်ဆံခဲ့တာ တစ်ချိန်ချိန်မှာ ငါ့တူလေး ဖြစ်လာနိုင်လို့.."

လုံးဝမရှင်းသော စကားစုပင် !
ဘာအဓိပ္ပါယ်လဲ?
ကျွန်တော် လုံးဝနားမလည်နိုင်ဘူး..။

"တူလေး..ဟုတ်လား?
လေးငယ် ဘာပြောနေတာလဲ?
မောင် ဘာ့မှနားမလည်ဘူးနော်.."

"မောင့်ရဲ့...လေးငယ်💚"[[ COMPLETED ]]✔Onde histórias criam vida. Descubra agora