မောင့်ရဲ့လေးငယ်
"""""""""""""""""""Cheer...."
"Cheer...."
ဖန်ခွက်အချင်းချင်း ထိခတ်မိသံနှင့် လူငယ်တစ်ချို့ရဲ့ ခိုးခိုးခစ်ခစ်ရယ်သံများ က Switzerland ရဲ့တစ်နေရာမှာ သောသောညံနေတော့သည်..။ ရှောင်းကျန့် အခန်းထဲမှာတော့ လူစည်သလို စားစရာများလဲ စုံလင်လျှက်ရှိသည်..၊ Wine လေး နည်းနည်းဝင်တာနဲ့ Jack တို့က ဗွေဖောက်ချေပြီ..။
"Bunny! မင်းညီမ ငါ့ကိုပေးကွာ ငါနဲ့ယောက်ဖ တော်ကြရအောင်.."
Flora နဲ့ မာရီယာနာ ကတော့ အကင်တွေသာတစ်ခုပြီးတစ်ခု ကောက်စားနေရင်း Wine တစ်ခွက်သောက်ပြီး အရမ်းကြီးကို မူးပြနေကြသည်..၊ ယုန်လူသားကတော့ အသားတွေကိုသာ ဒိုင်ခံကင်နေလျှက်..။ သူ့ကြည့်ရတာ အရမ်းကို တည်ငြိမ်နေသလိုပဲ..။
"Bunny မင်းညီမပုံလေးပြစမ်းပါကွာ မင်းနဲ့တူရင် ကျိန်းသေချောမှာပဲ "
အမူးသမားစကားကို နားထောင်ရင်း စာအုပ်ကြားထဲက ပုံလေးတစ်ပုံကို ထုတ်ပေးလိုက်တယ်..။ ခုတလော အသက်တွေ ရလာလို့လားမသိ နားပူတာတွေမခံနိုင်ဘူး..။
"ရော့ ဒီမှာ.."
"Wow တကယ်ကြီး ပြတာလားဟ! "
ပုံကိုကြည့်ပြီးခါမှ အဖြူကောင်Jack မှာ ဟွင်းခနဲနှာမှုတ်ပြီး အာလေးလျှာလေးနဲ့ Bunny ရှောင်းအား ရန်တွေ့တော့သည်..။
" LoL! အနှီးထုပ်ထဲက ကလေးမလေးကို ငါကဘာကိုကြည့်ပြီး လှလား မလှလား ဆုံးဖြတ်ရမှာလဲ..? ခု သူ့အသက် သုံးနှစ်ကျော်ပြီမလား? အဲ့ပုံ ငါ့ကိုပြ.."
"မရှိဘူး.."
"ဘာ! "
ဒါက အမှန်တရားပင်..။ မားး ကိုယ်ဝန်လွယ်ထားရပြီလို့ သတင်းကို ကြားတုန်းကဆို ပျော်လွန်းလို့ ထခုန်မိမတတ်ပဲ..၊ ကလေးငယ် ပုံကို စာနဲ့အတူပို့ပေးလာတော့ စိတ်ကလုံးဝမခိုင်တော့..၊
အဲ့ဒီနောက်ပိုင်းမှာ စာကလွဲပြီး တစ်ခြားဘာမှ မထည့်ပေးပါနဲ့လို့ စျေးကိုင်ပစ်လိုက်ရတာ..၊ ဒါကြောင့် ခုချိန်ထိ ချစ်ရသူတွေဟာ ဘယ်လိုဘယ်ပုံ ဖြစ်နေမှန်း သူမသိဘူး..။
ဒီနည်းလမ်းက နည်းနည်းတော့ကြောင်တောင်တောင် နိုင်ပေမယ့် ကိုယ့်လိုစိတ်မြန်လက်မြန် ရှိသူအတွက်တော့ တော်တော်လေးကို ထိရောက်ပါတယ်..၊ ဒါတောင် လေးငယ်ရဲ့စာတွေကိုဖတ်ပြီး China ကို ပြန်ပြေးချင်စိတ်က တစ်နေ့ကို သုံး လေး ခါလောက်ဖြစ်မိသေးတယ်..။
YOU ARE READING
"မောင့်ရဲ့...လေးငယ်💚"[[ COMPLETED ]]✔
Fanfiction✅// ZhanYi //✅ Fanfiction Xiao Zain is Gong မထင်မှတ်ထားတယ့် နေရာမှာ မမျှော်လင့်သော အချစ်တစ်ခုက စောင့်ကြိုနေသောအခါ တစ်ထောင့်တစ်ည ပုံပြင်တွေကို ကလေးလေး တစ်ယောက်ကြောင့် နှစ်သက်လာသောအခါ Start-----------12.7.2020 Ending--------12.10.2020 Ownstory Sanaymo...