"ပါးပါး သား အနုပညာကျောင်းတက်ချင်တယ်"
"ဘာ! Xiao Zhan ပြန်ပြောလိုက်စမ်း"
" သား သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ် "
"မတက်ရဘူး တခြားတစ်ခုရွေး ငါတို့မျိုးရိုးထဲမှာဘယ်သူမှ သရုပ်ဆောင်မရှိဘူး ဒါနောက်ဆုံးပြောတာပဲ ထပ်မပြောစမ်းနဲ့" ပြောပြီးထွက်သွားသော
Cheng Yue PingXiao Zhan ကငယ်ငယ်ကတည်းက ကျောင်းကပွဲတွေ ပြဇာတ် တွေမှာ ပါနေကျ သရုပ်ဆောင်ကောင်းလို့ ရုပ်ရှင်အဖွဲ့တွေက ကလေးသရုပ်ဆောင်နေရာအထိ ကမ်းလှမ်းကြတယ်
သူ့ပါးပါး စကားနားထောင်ပြီး မလုပ်ခဲ့ဘူး။ပါပါးထွက်သွားပြီးတော့ မာမားရဲ့ ဆိုင်ကိုပဲထွက်လာခဲ့တယ်။မာမားက ကျွန်တော်တို့အိမ်ရဲ့ တစ်လမ်းကျော် နေရာကောင်းလေးမှာ ခေါက်ဆွဲဆိုင်ဖွင့်ထားတာ။ကျောင်းပိတ်ရက်ဆိုတော့ မား ကိုကူလုပ်ရမယ်လေ။ မားနဲ့ ဦးငယ် က ဆိုင်ကိုရောက်နှင့်ပြီ။ကျွန်တော့်ကိုတော့ ပါး သွားပြီးမှလာခိုင်းတယ်။ အခုလည်းဆိုင်ကိုရောက်လာတာပေါ့ ။
"မား သားစီးပွားရေးတက္ကသိုလ်ပဲတက်တော့မယ်"
"သားရယ် သားပါးသဘောမတူလည်း မားရယ် ဦးငယ်ရယ် သဘောတူတာပဲ သားတက်ချင်တဲ့နေရာတက်ပါ"
"ဒါ ဒါပေမဲ့ မားရယ် ပါးသိရင် "
"မင်းရဲ့ ပါး သိရင်လည်း မားတက်ခိုင်းတာပါလို့ ပြောလိုက်မယ် သားကို သားရဲ့ပါးက ချစ်ပါတယ် "
*ပါးကချစ်တယ်တဲ့လား မားရယ် ငယ်ငယ်ကတည်းက အခုအချိန်ထိ သားလို့တောင်မခေါ်ခဲ့တာ နွေးနွေးထွေးထွေးပွေ့ဖက်မှုတွေမရှိတာကိုကျ သားဘယ်လိုခေါင်းစဉ်တပ်ရမလဲ
သားတွေးမိတယ် ဦးငယ်ကသာ သားရဲ့အဖေဖြစ်ခဲ့ရင်ဆိုပြီး ပါးက ဦးငယ်လိုမျိုး မနွေးထွေးဘူး*ရှောင်းကျန့်ရဲ့ ဦးလေးဖြစ်သူမှာလည်း ရှေ့မှ သားအမိနှစ်ယောက်ကိုသာ ကြည့်နေလေတော့တယ်။
............................................."Yi Bo ငါတို့ အထက်တန်းပြီးပြီဆိုတော့ အသက်မွေးဝမ်းကြောင်းအတွက် ဘယ်တက္ကသိုလ်ဆက်တက်ကြမလဲ"Xiao Shin Ji မေးလေသည်။
"ငါ အနုပညာတက္ကသိုလ် တက်မယ် Shin Ji
မင်းရော ""ငါ့ကိုလည်း ပါးနဲ့မားက အဲ့ဒီပဲတက်စေချင်တယ်တဲ့ ငါမှ သရုပ်ဆောင်ဝါသနာမပါတာကွာ မင်းသိရဲ့သားနဲ့ "Shin Ji ကပြောတော့
YOU ARE READING
My Heart With You (Completed)
Fanfictionကိုယ့်ကောင်လေးကို ထာဝရထက် တစ်သက်ပိုချစ်တယ် ...