Zawgyi
"ငါ့ရဲ့ နိုင်ငံခြားပြန်လက်ဆောင်ကိုကြိုက်ရဲ့လား Yibo....."
"Shin Ji!"
~~~~~~
Xiao Zhan တစ်ယောက်ဒီနေ့ဆေးရုံကဆင်းမှာမို့ အန်တီ Li Hae တို့က လာပြီးပြင်ဆင်ပေးနေခြင်းပင်။ Yibo ကိုမျှော်နေရပုံရတဲ့သူ့ကို
"Yiboလေးက မအားလို့တဲ့ ကျန့်ကျန့်"
"ဟုတ်ကဲ့။ ကျွန်တော် Yiboနဲ့ အတူနေတဲ့ အိမ်ကိုပဲ ပြန်ချင်တယ်။ တစ်ပတ်ကိုတစ်ခါတော့အိမ်ကို ပြန်လာပါ့မယ်"
"သားသဘောပါ"
~~~~~~~~~~~~~~
"မား။ ဒါတွေက တကယ်ပဲလား"
"ဟုတ်တယ် Shin Ji။ သား Chongqing ကိုမပြန်ချင်ရင်လည်း မားတို့ စီစဉ်ပေးထားတယ်။ သားရဲ့ မိဘတွေဆီကိုလည်းသွားလိုက်ပါဦး"
~~~~
Xiao Zhan တစ်ယောက် အိမ်ကိုရောက်တော့ ချက်ပြုတ်ဖို့ ပြင်ဆင်တယ်။
Yibo အိမ်ပြန်ရောက်လာတော့
ဧည့်ခန်းမှာ TVကြည့်နေတဲ့ Xiao Zhan..."Yibo ငါညစာပြင်ထားတယ်"
"မစားတော့ဘူး။ Shin Ji ပြန်ရောက်နေပြီ။
သူနဲ့တွေ့ရင်းစားလာတာ""အော် အဲ့ဒါဆိုရေချိုးတော့လေ။ ငါအခန်းထဲသွားတော့မယ်"
Yiboလည်း ရေချိုးပြီးတော့ Xiao Zhan
အခန်းထဲဝင်လာလိုက်တယ်။ သူပြင်ပေးထားတာမစားလို့ စိတ်မကောင်းဖြစ်သွားမယ်မှန်းသိတယ်။"ကိုယ့်ကို မမုန်းပါနဲ့...."
~~~~~~~~~~~~~
ဒီနေ့ Xiao Zhan နဲ့ Shin Jiတို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ကြတယ်။
"Xiao Zhan အနေနဲ့ ဒီအပြောင်းအလဲအပေါ်ဘာများပြောချင်ပါလဲ"
"ဘာမှပြောစရာမရှိပါဘူး။
ကျွန်တော်က Cheng မျိုးရိုးပဲဖြစ်ဖြစ်
Xiao မျိုးရိုးပဲဖြစ်ဖြစ် Xiao Zhanဖြစ်နေဆဲပါပဲ""Shin Ji အနေနဲ့ရော"
"ကျွန်တော် သိသိချင်း အရမ်းအံ့ဩသွားပါတယ်.။ မားတို့ကလည်း ကျွန်တော့်အပေါ်အချစ်မလျော့ပါဘူး..."
"Shin Ji က နိုင်ငံခြားက ပြန်လာတော့
အခုဘာဆက်လုပ်မယ်လို့စိတ်ကူးထားလဲ"