Zawgyi
Xiao Zhan တစ်ယောက် အိမ်ရှေ့က bellသံကြားလို့ မနက်ကမှာထားတဲ့ Pizza ရောက်လာတယ်အထင်နဲ့ Yibo ကိုဖုန်းမချခိုင်းသေးဘဲ pizza ထွက်ယူတဲ့အချိန်
Pizza လာပို့တဲ့ ဝန်ထမ်းမဟုတ်ဘဲ
လူစိမ်းတစ်ယောက်က သူ့အားဇက်ပိုးကိုရိုက်လိုက်သဖြင့်
"Yibo "နာမည်ကိုသာခေါ်လိုက်နိုင်ခြင်း။~~~~~~~~
Yibo လည်းဖုန်းထဲကနေ Xiao Zhan ရဲ့အော်သံကိုကြားပြီးတော့ ချက်ချင်းပင်အိမ်ကိုပြန်လာခဲ့တယ်။ company နဲ့ နာရီဝက်လောက်မောင်းရတဲ့ခရီးကို 15မိနစ်နဲ့အရောက်မောင်းလာလို့ လမ်းမှာရှိသမျှလူတွေရဲ့ အပြောအဆိုလည်းခံခဲ့ရသေးတယ်။အိမ်ကိုပြန်ရောက်တော့
Password နှိပ်ပြီးဝင်လာကာ Xiao Zhan ကိုလိုက်ရှာတယ်။ တွေ့လိုက်ပါပြီ။ Yiboရဲ့အိပ်ခန်းထဲက ကုတင်ပေါ်မှာအိပ်နေတဲ့ Xiao Zhan နဲ့ Xiao Zhan ကိုကြံစည်နေပုံရတဲ့ လူတစ်ဦး။အပေါ်ပိုင်းကိုသာချွတ်ထားပြီး အောက်ပိုင်းမှာအဝတ်အစားတွေရှိနေသေးပုံကိုကြည့်ခြင်းဖြင့် Xiao Zhan ဘာမှမဖြစ်သေးဘူးလို့ ယူဆရမည်။Yibo အခန်းဝမှာရောက်နေတာကိုမသိတဲ့ ထိုလူရဲ့
အာရုံတစ်ခြားဆီရောက်နေတုန်း
Yiboလည်းအခန်းထဲ ရုတ်တရက်ဝင်လိုက်ပြီး လက်သီးနဲ့ ဆက်တိုက်ထိုးလေတယ်။
တစ်ဖက်ကလူကလည်းခေသူမဟုတ်။ကျစ်လစ်တဲ့ခန္ဓာကိုယ်ရှိပြီး သန်မာပုံရတာကြောင့် Yiboနှင့်သူတစ်ပြန် ကိုယ်တစ်ပြန်ထိုးနှက်မိကြတယ်။ ထိုလူက အပြင်ကိုပြေးထွက်မယ်ကြံနေတုန်း Yiboက အခန်းထဲရှိတဲ့ ပန်းအိုးနဲ့ ခေါင်းကိုရိုက်လိုက်တာမို့ အဲ့ဒီလူ နေရာမှာတင် ခေါင်းကိုဖိပြီးလဲသွားတယ်။
Yiboလည်း အဲ့ဒီလူရဲ့ အပေါ်ကနေခွပြီး"ဘယ်သူလဲ"
"Shin Ji"
"ဓာတ်ပုံ ကိစ္စကရော မင်းပဲလား"
"ဟုတ် ဟုတ်ပါတယ်"
Yiboလည်း ဖုန်းကို recoderဖွင့်လိုက်ပြီး
"အဲ့နေ့ကဖြစ်သမျှအကုန်ပြော"
"Shin Ji က ကျွန်တော့်ကို ခိုင်းတာလုပ်ပေးရင် ကျွန်တော့် မိသားစုကို ကြည့်ရှုပေးမယ်ပြောတယ်။ Xiao Zhan ကို ဖျက်ဆီးပေးရမယ်တဲ့။ အဲ့ဒီနေ့က မအောင်မြင်လို့
ဒီနေ့ထပ်ပြီး ...."