Zawgyi
စာမေးပွဲဖြေရမှာမို့ နှစ်ယောက်သား စာလုပ်နေကြခြင်းပင်...။နောက်ဆုံးနှစ်မို့ စာတွေကအတော်များသား..။ရိုက်ကူးရေးတစ်ဖက်နဲ့ Xiao Zhan ခမျာ အခုမှစာအုပ်ပုံထဲခေါင်းစိုက်နေပြီ.။
"ကိုယ့်ကောင်လေး အိပ်ချိန်ရောက်နေပြီလေကွာ နာရီလည်းကြည့်ဦး မနက်ကြော်ငြာရိုက်ကူးရေးတစ်ခုလက်စသတ်ရဦးမှာမလား"
"နောက်ထပ်1နာရီလောက်ပဲလေနော်
မင်းအိပ်ချင်ရင် အိပ်နှင့်လေ""ဒီကြော်ငြာတစ်ခုရိုက်ပြီးရင် ရိုက်ကူးရေးတွေခနနားရမယ် စာမေးပွဲပြီးမှ ပြန်လုပ်ခွင့်ပေးမှာနော် ကိုယ့်ရဲ့မင်းသားလေးပင်ပန်းနေပြီ"
"အင်းပါ Yibo ရဲ့"
.........................
နောက်တစ်ရက်ကြော်ငြာရိုက်ကွင်းမှာ
Xiao Zhan နှင့်
Alleyတို့ရောက်ရှိနေကြခြင်းပင်...။
Alleyက Xiao Zhan ရဲ့ မန်နေဂျာ လုပ်ချင်သည်ဟုဂျီကျရာ Yiboမှ ပြောမရသဖြင့်ခွင့်ပြုထားခြင်း။ Alley နဲ့ဆိုစိတ်ချလို့နဲ့တူပါရဲ့။ TGတံဆိပ် Shirtအင်္ကျီ တွေကိုတစ်ထည်ပြီးတစ်ထည်ဝတ်ဆင်ပြီး pose အမျိုးမျိုးပေးနေရလေသည်..။ outdoor Sceneကို Vlog ပုံစံရိုက်ချင်သည်ဟုပြောလာသောကြောင့် အင်္ကျီတွေကို အမျိုးမျိုးလဲကာ ရိုက်နေရခြင်းပင်..။ အချိန်မရှိတော့လို့ဆိုပြီး 2ရက်ရိုက်ရမည့်ကြော်ငြာကို 1ရက်တည်းနှင့် အပြီးရိုက်လိုသော
Xiao Zhan ကြောင့်
Director ကြီးနဲ့ staffတွေမျက်ခုံးခပ်လှုပ်လှုပ်။ မင်းသားကို အတင်းရိုက်ခိုင်းပါတယ်ဆိုပြီး CEO Wangရဲ့ အပြစ်တင်မှုကို မခံလိုသဖြင့် ရိုက်ကူးရေးမပြီးခင် CEO Wang ရောက်မလာပါစေနဲ့လို့ဆုတောင်းနေမိခြင်း။ရိုက်ကူးရေးလုပ်နေစဉ်မှာပဲ ချွေးတွေထွက်လာပြီး ဖြူဖတ်ဖြူလျော်ဖြစ်လာတဲ့ Xiao Zhan ကိုကြည့်ပြီး Alleyက
"Director ကြီး Xiao Zhan ပင်ပန်းနေပြီ ညနေမှဆက်ရိုက်လို့အဆင်ပြေလား""Alley ငါ အဆင်ပြေပါတယ်"ပြောပြီးပြီးချင်း မိုက်ခနဲဖြစ်သွားလို့ ဘေးက staff တွေ ဝိုင်းထိန်းလိုက်ရသေးတယ်။
ထိုစဉ်
"Xiao Zhan " ခေါ်သံကိုလှည့်ကြည့်လိုက်တော့ Director ကြီးတို့ငယ်ထိပ်မြွေပေါက်ပြီလေ...။
YOU ARE READING
My Heart With You (Completed)
Fanfictionကိုယ့်ကောင်လေးကို ထာဝရထက် တစ်သက်ပိုချစ်တယ် ...