Zawgyi
"Yibo ငါကြောက်တယ် ဖြစ်ပါ့မလား"
"ကိုယ့်ကိုယုံ"
Xiao Zhanရဲ့မားတို့ကိုသူတို့နှစ်ယောက်အကြောင်းဖွင့်ပြောရန်တိုင်ပင်ကြခြင်းပင်။
မီးဖိုထဲရောက်နေတဲ့ မားနဲ့ အိုးနဲ့စိုက်ထားတဲ့အပင်သေးသေးလေးတွေကိုရေဖြန်းနေတဲ့ဦးငယ်တို့ကို ဧည့်ခန်းထဲမှာထိုင်စေပြီး"အားကျန့် မားတို့ကို ဘာပြောမလို့လဲ"
"ကျွန်တော်နဲ့ Xiao Zhan ရဲ့ချစ်ခြင်းကို အသိအမှတ်ပြုနိုင်မလား အန်တီ
ကျွန်တော် Xiao Zhan ကိုချစ်တယ်
ကျွန်တော်တို့တွဲနေကြပြီ""မားတို့ သိပါတယ် အားကျန့်လေး ပျော်ရင်ပြီးတာပါပဲ သားYiboက ကောင်းကောင်းဂရုစိုက်ပေးပါ"
ဦးငယ်ကဆက်ပြီးတာ့
"ကျန့်ကျန့် ရောသေချာစဉ်းစားပြီးပြီလား""သား Yiboနဲ့မခွဲနိုင်ဘူး ဦးငယ် "
"ကျွန်တော်တို့လျှောက်ရမယ့်လမ်းမှာ
ဘယ်လိုပဲခက်ခဲနေပါစေ ကျွန်တော်တို့အတူတူဖြေရှင်းမှာပါ""အားကျန့်ရယ် သားရဲ့ပါးသိရင်လက်ခံပါ့မလား"
Yiboကဝင်ပြောတယ်
"သေချာပေါက် ဘယ်လက်ခံလိမ့်မလဲ အန်တီ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားမှာပါ"*ကျန့်ကျန့် ငါ့တူလေး ဒီတစ်ခါတော့ အချစ်ခံရပြီး စိတ်ချမ်းသာမှာပါ*
.......................
ကျောင်းတွေပြန်ဖွင့်တော့ Xiao Zhanတို့ ဒုတိယနှစ်တက်ရပြီ။
Xiao Zhan ကကျောင်းတစ်ဖက်နဲ့
ကြော်ငြာတွေ စတင်ရိုက်ကူးနေရလေပြီ။
အနုပညာကြေးတွေရတဲ့အခါ မားတို့ကိုပြန်ပြီးပို့ပေးနိုင်လာတယ်။
Yiboကိုလည်း ကမ်းလှမ်းကြတယ်။ သူက companyအလုပ်လုပ်လိုက်၊ ဆိုင်ကယ်ပြိုင်ပွဲတွေဝင်ပြိုင်လိုက်၊ skate ပြိုင်ပွဲတွေဝင်လိုက်နဲ့ဆိုတော့ သူကလည်း သူ့နယ်ပယ်နဲ့သူမှာ Tracer 85 ဆိုပြီးနာမည်ရလေတယ်။
ကျန်းချန်လည်း XiaoZhanလိုပဲ နာမည်ရစပြုနေပြီ။
ဟိုက်ခွမ်းကောနဲ့လည်း တွဲနေပြီတဲ့။
Yiboရော Xiao Zhanရောက အလုပ်တွေလုပ်နေပြီမို့ ညဘက်တွေနောက်ကျမှပြန်ရောက်တဲ့အခါတွေရှိလို့ အဆောင်မှာမနေတော့ဘဲ နှစ်ယောက်အတူနေရန်ဆိုပြီး
Yiboက အိမ်လေးတစ်လုံးဆောက်ပေးထားတယ်။ ခြံဝန်းကျယ်ထဲမှာ တစ်ထပ်တိုက်ပန်းရောင်လေး။
အိမ်ရဲ့အရှေ့နံရံကို မှန်အနက်ရောင်နဲ့ကာပေးထားတယ်။ အပြင်ကလူတွေကိုကြည့်လို့ရပေမဲ့ ရအပြင်ကလူတွေကမမြင်အေ၊ာင်ပေါ့။အိမ်ရှေ့က ဝရံတာလေးမှာ Accessories လေးတွေချိတ်ဆွဲထားတာက Xiao Zhan အကြိုက်ပေါ့။
အိမ်ရဲ့ဘေးမှာ ကားဂိုဒေါင်။ဆိုင်ကယ်ဂိုဒေါင်၊ စကိတ်ဂိုဒေါင်လို့ပြောရင်ပိုမှန်မယ်။ ခြံထဲမှာလား အိမ်ရဲ့အရှေ့ကို မြက်ခင်းတုတွေခင်းထားပြီး အိမ်ရဲ့အနောက်မှာ တမံတလင်းခင်းထားတယ်။
Yibo စကိတ်စီးဖို့ပေါ့။ အိမ်ရှေ့ရဲ့ ညာဘက်မှာ Manmade waterfall အသေးလေးရှိပြန်တယ်။ အဲ့ဒါလေးရဲ့ဘေးမှာ ဒါန်းစင်။
ဒါန်းစင်ရဲ့ရှေ့မှာ အနီရောင်စားပွဲခုံလေးတစ်လုံးနဲ့ အစိမ်းရောင် ထိုင်ခုံလေး နှစ်လုံး။ သစ်ခွပင် နှင်းဆီပင် စတဲ့အပင်လေးတွေလည်းရှိသေးတယ်။
အိမ်ရဲ့အထဲကတော့ရိုးရိုးလေးပါပဲ။
ဧည့်ခန်းရယ် မီးဖိုခန်းရယ် ထမင်းစားခန်းရယ် အိပ်ခန်း2ခန်းရယ်ပေါ့..။ညပိုင်းရောက်ရင် Yiboရဲ့အခန်းလေးမှာ ပိုင်ရှင်မရှိ မျက်နှာငယ်ရစမြဲ....။
YOU ARE READING
My Heart With You (Completed)
Fanfictionကိုယ့်ကောင်လေးကို ထာဝရထက် တစ်သက်ပိုချစ်တယ် ...