Zawgyi
Xiao Zhan ရဲ့မိဘတွေက ဘိုးဘွားတွေကိုသွားပြီးကန်တော့မှာမို့ Xiao Zhan လိုက်လာရတယ်။လက်ထပ်ပွဲတက်ဖို့တစ်ခါတည်းခေါ်ခဲ့ရင်းပေါ့။
Yibo တော့ မပါခဲ့။လက်ထပ်ပွဲအတွက် စီစဉ်ရန်နေခဲ့လေရဲ့။ လက်ထပ်မှတ်ပုံတင်ပြီး လက်မှတ်ပဲထိုးကာ ကုန်ကျစရိတ်တွေကိုဂေဟာတွေမှာလှူချင်တယ်ပြောတော့"ကိုယ့်ကောင်လေးကို ပြီးစလွယ်
လက်မထပ်ချင်ဘူး""Xiao Zhanဆိုတဲ့ မင်းရဲ့ပျော်ရွှင်မှုတွေကို
အားလုံးမျှဝေခံစားစေချင်လို့""မင်္ဂလာပွဲလည်းလုပ်မယ်။ ကိုယ့်ကောင်လေးလှူချင်တဲ့နေရာတွေကိုလည်း ကိုယ်ဖြည့်ဆည်းပေးမယ်"
~~~~~~
Bejing ကနေ 3နာရီလောက်မောင်းရင်
ဘိုးဘွားတွေနေတဲ့ ရွာလေးရောက်လေပြီ။
အရင်က Shin Ji ကိုသာ သူတို့ရဲ့ မြေးလို့ထင်ခဲ့တာမို့ အခု Xiao Zhan ကိုသူတို့ပိုပြီးချစ်ပေးကြတယ်။"ကျန့်ကျန့်လေး လာပါဦးကွယ်"
"ဟုတ် ဘွား"
"မင်းက မျက်နှာကျလေးက မင်းရဲ့မားကိုတူပြီး အသားအရည်က မင်းရဲ့ပါပါးကို တူတာပဲ"အဘွားကပြောတယ်။
"ကျန့်ကျန့် လက်ထပ်တော့မယ်ဆို
ကောင်လေးက တော်တော်ချစ်တယ်တဲ့အဘိုးတို့ကြားတယ်""ဟာ ဘိုးဘိုးကလည်း"
" Xiao Zhan နဲ့ Wang CEO တို့ရဲ့သတင်းက တရားဝင်သာချမပြသေးတာ
အိမ်ဘေးက ကောင်မလေးတွေကတော့
မင်းတို့အကြောင်းလာလာဖောက်သည်ချလေရဲ့၊ အခုလည်း မင်းရောက်နေတာသာ သိရင် ပြေးလာပြီး အဘိုးမြေးဆိုတာဘာလို့မပြောတာလဲဆိုပြီး ပြောဦးမယ်"ခရီးပန်းလာတာမို့ Xiao Zhan တစ်ယောက် နားဖို့ပြင်နေလေရဲ့။ ကုတင်ပေါ်ခေါင်းချပြီး
အိပ်ခါနီး Weibo သုံးချင်လို့ ဖွင့်ကြည့်လိုက်တယ်။*Wang Ceo ရဲ့ ကားတိုက်မှုသတင်း*
သတင်းခေါင်းစဉ်ရဲ့အောက်မှာ ကားတစ်စီး
ဆိုးဆိုးရွားရွားပျက်စီးနေသည့်ပုံများပင်
တင်ထားလေတယ်*"ဟင့်အင်း၊ မဟုတ်ဘူး Yibo"
Yibo ကိုဖုန်းဆက်တော့လည်း ဖုန်းမကိုင်တာကြောင့် Xiao Zhan တစ်ယောက် ထူပူပြီး ကားသော့ကိုဆွဲကာ ကားမောင်းပြီး
Bejing သို့ပြန်ရန်စီစဉ်လေတယ်။
"မား Yibo လေYibo..."
YOU ARE READING
My Heart With You (Completed)
Fiksi Penggemarကိုယ့်ကောင်လေးကို ထာဝရထက် တစ်သက်ပိုချစ်တယ် ...