Ep - 5💚❤

2.2K 149 5
                                    

Zawgyi

သရုပ်ဆောင် ပညာသင်နေချိန်တွင်

"မင်းတို့ သဘာဝကျကျ သရုပ်ဆောင်တတ်ဖို့ဆိုရင် character ထဲကို မင်းတို့ကိုယ်တိုင် ပါဝင်ခံစားဖို့လိုတယ် ဥပမာ မင်းတို့က စိတ်ဆိုးတဲ့အခန်းကိုသရုပ်ဆောင်မယ်ဆိုရင် မျက်လုံးအကြည့်တွေက အသက်ပါနေရမယ်။ စိတ်ဆိုးရတဲ့အကြောင်းအရာအပေါ်မူတည်ပြီး လည်း အမူအရာပြောင်းလဲတတ်ရမယ်။ဝမ်းနည်းရင်လည်း မျက်လုံးတွေက အစဝမ်းနည်းတတ်ရမယ်။ကြည့်နေတဲ့လူတွေရဲ့နှလုံးသားကိုမွန်းကြပ်အောင်လုပ်နိုင်ရမယ်။

ကဲအခုငယ်ငယ်တုန်းက ပစ်သွားတဲ့ မိဘတွေအိမ်မှာ အလုပ်သမားဖြစ်နေပြီး
မိဘတွေကမသိဘဲနဲ့ နှိပ်စက်ပြီး သူတို့ရဲ့မွေးစားသားကိုပဲ အရေးပေးကြတယ်ပေါ့ကွာ။
မိဘတွေက သူတို့သားအရင်းမှန်းသိတဲ့အချိန်
အလုပ်သမားလေးက သူ့မိဘတွေမှန်းသိသွားတဲ့အချိန် အဲ့အခြေအနေကို မင်းတို့ရဲ့ စိတ်ကူးနဲ့ သရုပ်ဆောင်ပြရမယ် အဆင်ပြေလား၊
မင်းတို့ကို ကူညီဖို့
Xiao Jing Yan နဲ့ Sue Li Hae ( Shin Ji ရဲ့ အဖေနဲ့အမေပါနော်) တို့ကို ဖိတ်ခေါ်ထားတယ်။
ဘသူစမလဲ?"

Shin Ji မှ
"ကျွန်တော် စကြည့်မယ်ဆရာ"

အခုက သရုပ်ဆောင်မယ့်အပိုင်းပေါ့နော်

"ခင်ဗျာ ၊ သခင်ကြီးတို့က ကျွန်တော့်ရဲ့ မိဘအရင်းတွေ ဟုတ်လား ကျွန်တော်ဖြင့်မယုံနိုင်ဘူး"

"သားရယ် မားတို့ တောင်းပန်ပါတယ်။ မားတို့ရဲ့အမှားတွေပါ မားတို့ကိုခွင့်လွှတ်ပေးပါကွယ်"

"ဟင့်အင်း ကျွန်တော် မယုံဘူး ခင်ဗျားတို့ နှိပ်စက်ရတာဝသွားလို့ သနားပြီးပြောတာလား
တော်ကြပါတော့ဗျာ"

Shin Jiသရုပ်ဆောင်ပြီးတော့ လက်ခုပ်သံတွေ အကျယ်ကြီးထွက်လာကြတယ်။

ဆရာမှ
"ကဲ ဘယ်သူကြိုးစားဦးမလဲ"

Xiao Zhan မှ
"ကျွန်တော် လုပ်ကြည့်ချင်တယ်"
သရုပ်ဆောင်ချိန်

"ဗျာ ၊ ကျွန် ကျွန်တော့်ရဲ့ မိဘတွေ သခင်ကြီးတို့ကလေ ၊"

"ဟုတ်ပါတယ် သားရယ်"

Xiao Zhan မျက်ရည်တွေကျလာပြီး

"ဟား ဟား ဟုတ်ရဲ့လားဗျာ ၊ ကျွန်တော့်ကိုယ်ပေါ်က ဒဏ်ရာတွေကိုကြည့်ပါဦး၊ ဘယ်မိဘကမှ အဲ့လို မလုပ်ပါဘူးဗျာ၊
နှိပ်စက်ရတာ အားမရလို့ သားဆိုပြီး အနားမှာခေါ်ထားပြီးတစ်သက်လုံးနှိပ်စက်မလို့လား၊
ကျွန်တော့် မိဘတွေက မလိုချင်လို့ပစ်ခဲ့တာဆိုပေမယ့် အခုလောက်ထိတော့ မလုပ်လောက်ပါဘူး
အဟက်"

My Heart With You (Completed)Where stories live. Discover now