Zawgyi
Xiao Zhan ဆေးရုံမှာနေရတာ 3ရက်လောက်ရှိနေပြီ။ ဒဏ်ရာတွေလည်းနဲနဲတော့သက်သာစပြုလာပြီ။7ရက်လောက်ဆိုအရှင်းပျောက်ပြီလို့ ဟိုက်ခွမ်းကောကပြောတာပဲ။ Wang Yibo ကတော့ နောက်အပတ်ထဲမှာ ဆိုင်ကယ်ပြိုင်ပွဲရှိလေသောကြောင့်
မနက်ပိုင်းပဲကျောင်းတက် နေ့လည် လက်တွေ့အချိန်တွေမှာ ဆိုင်ကယ်ကွင်းကိုသွားရတယ်။
ညနေမှသာ ဆေးရုံသို့လာနိုင်လေတယ်။
ကျန်းချန်ကလည်း ညနေဆို ကျောင်းကအပြန်ရောက်ရောက်လာတတ်ပြီး စာတွေရှင်းပြတယ်။ အဲ့အချိန်တွေဆို Yibo နဲ့ ကျန်းချန်က ကျွန်တော့်ကို စာရှင်းပြရင်းတကျက်ကျက်ပေါ့။"ကျန်းချန် ဒီစာတွေက ငါတို့အခန်းမှာလည်းသင်ပါတယ်ကွာ ငါရှင်းပြလို့ရတယ်"
"မင်းလိုကောင်က စာရှင်းပြတာကနည်းနည်း ကျန့်ကျန့်ကို အသားယူတာက များများဖြစ်နေလို့ ငါကိုယ်တိုင်ရှင်းပြနေတာ"
Yibo ကလည်း Yibo ပင် ။ ရောက်လာပြီဆိုကတည်းက လက်ကလေးကိုင်လိုက်။ပါးလေးကို ထိရုံလေးလာလာနမ်းလိုက်။ အသည်းယားလို့ဆိုပြီး ဆံပင်ကို လာလာဖွလိုက်နဲ့ စာကိုကောင်းကောင်းလုပ်ရသည်မရှိ။
ယွီပင်းနဲ့ Alley တို့ကတော့ နေ့လည်ခင်းလာနေပေးပါတယ်။
ဒီနေ့ဆန်ပြုတ်သောက်ပြီးလို့ အသီးစားနေတုန်း Shin Ji ရဲ့အမေ အန်တီ Li Hae ရောက်လာတယ်။"သမီး Alley တို့ကားပေါ်မှာ Xiao Zhan အတွက် မုန့်တွေပါတယ် သွားယူလိုက်ကြပါဦးကွယ်" Alley တို့သိလိုက်လေပြီ။သူတို့ကို အနုနည်းနဲ့ ပထုတ်တယ်ဆိုတာ။
.....,............
"သက်သာရဲ့လား""ဟုတ်ကဲ့"
"Shin Ji လေးက Yibo ကိုသိပ်ခင်တွယ်ရှာတာ။Yibo ရဲ့စကားတစ်ခွန်းပဲ။
အခုသတိရလာတော့လည်း Yibo ကိုပဲမေးနေတယ်။ Shin Ji လေးအတွက်က Yiboကိုဆုံးရှုံးရရင် ရူးသွားလိမ့်မယ် ""......."
"မင်းရဲ့ ပါးကလည်း ဒီကိစ္စအတွက်နဲ့ ဒီလိုလုပ်တာမဟုတ်လား၊ မင်းသာရှေ့ဆက်တိုးရင် Cheng လည်းမင်းကို ပိုပြီးစိတ်ဆိုးလိမ့်မယ်"
"Xiao Zhan ရယ်မင်းအတွက် Yiboမရှိရင်
နေလို့ဖြစ်ပါလိမ့်ဦးမယ်။ Shin Ji အတွက်က Yibo လေးမရှိလို့မဖြစ်ဘူးကွယ်။ နားလည်စေချင်တယ်"
YOU ARE READING
My Heart With You (Completed)
Fiksi Penggemarကိုယ့်ကောင်လေးကို ထာဝရထက် တစ်သက်ပိုချစ်တယ် ...