Ep - 15💚❤

1.9K 125 11
                                    


Zawgyi

ဒီနေ့စာမေးပွဲနောက်ဆုံးရက်မို့စာမေးပွဲဖြေပြီး Xiao Zhan တစ်ယောက်အိမ်ကိုပြန်ဖို့ပြင်ဆင်နေလေသည်...။
Shin Ji လား ဟိုတစ်နေ့က ကိစ္စပြီးကတည်းက ကျောင်းထွက်ပြီး နိုင်ငံခြားကိုထွက်သွားတယ်တဲ့..။
"ကိုယ် Chongqing ကိုလိုက်ခဲ့ချင်တယ် ကိုယ့်ကောင်လေးရဲ့ မားနဲ့ ဦးငယ်နဲ့ မိတ်ဆက်ပေးလေ ကိုယ့်ကောင်လေးနဲ့လည်းမခွဲနိုင်ဘူး"

"ငါလည်း လွမ်းနေမှာပဲ .။ မင်းရဲ့ ပါး ကခွင့်ပြုရင်လိုက်ခဲ့"

"ပါး က ကိုယ့်သဘော
အခုအထုပ်တွေပြင်ပြီး အိမ်ကိုတစ်ခါတည်းလိုက်ခဲ့တော့
မနက်ဖြန် မနက်မှ အစောထွက်မယ်"

Yibo တို့အိမ်ကိုရောက်လာတော့
Xiao လင်မယားနှစ်ယောက်ရော ရောက်နေတာတွေ့ရတယ်။
ဝမ်ပါးက
"သား Yibo ပြန်လာပြီလား
Zhan Zhan လေးလည်းပါလာတာပဲ"

"ဟုတ်တယ်ပါး သားမနက်ဖြန် Chongqing ကိုလိုက်သွားမလို့ ......
ကိုယ့်ကောင်လေး အပေါ်ကိုတက်နှင့်နော် ကိုယ်လာခဲ့မယ်"

"အင်း Yibo"
Xiao Zhan အပေါ်ကိုတက်သွားတော့
အန်တီLi Hae က
"သား Yibo မင်းသူငယ်ချင်းနဲ့အဆက်အသွယ်ရလား"

"မရဘူးအန်တီ"

"အန်တီတို့ကိုလည်းမဆက်သွယ်ဘူးကွယ်
မင်းတို့ ဂုဏ်ပြုပွဲကနေပြန်လာပြီး မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့ အန်တီတို့ဘာမေးမေးလည်းမဖြေဘဲ နိုင်ငံခြားထွက်သွားချင်တယ်ဆိုလို့ ညတွင်းချင်း flight စီစဉ်ပေးရသေးတယ်"

"ဟုတ်အန်တီ"
Yibo ကပင်ဆက်ပြီး

"ပါး သားcompany လုပ်ငန်းတွေသင်ချင်တယ်"

"သားရယ် ပါးက ဝမ်းသာတာပေါ့ ဘယ်အချိန်ကနေစချင်လဲ"

"Chongqing ကပြန်လာတဲ့အချိန်
ကျောင်းလည်းတက်မယ် company အလုပ်လည်းကူမယ်"

"သဘောပါပဲကွာ"

"ခွင့်ပြုပါဦး အန်တီ"

Yiboလည်းအပေါ်ကိုတက်လာခဲ့တယ်။
အခန်းထဲကိုရောက်တော့ အိပ်ယာပေါ်မှာ
ခွေခွေလေးအိပ်နေသည့်ကောင်လေး
ပါးလေးကို တစ်ချက်နမ်းလိုက်တော့
"Yibo"

"အင်း ကိုယ့်ကောင်လေးကို ပြောစရာရှိတယ် ကိုယ် Chongqingကနေပြန်လာရင်
ပါးရဲ့ companyမှာဝင်ကူတော့မလို့"

My Heart With You (Completed)Where stories live. Discover now