Ep - 6💚❤

2.1K 160 2
                                    

Zawgyi

Xiao Zhan အနားကို သူ့ရဲ့ ပါး ရောက်လာပြီး
နေရာမှာတင်

"မင်းကို ငါက ဒီကိုမတက်ရဘူးပြောထားတာ
မင်းက ငါ့စကားကို တသွေမတိမ်းနားထောင်လိုက်တာပေါ့"

Xiao Zhan ၏ပုခုံးကိုကိုင်လှုပ်ပြီးမေးနေခြင်းပင်။
ဘေးက ကျန်းချန်တို့ ရိပေါ်တို့မှာလည်း မျက်လုံးအပြူးသားပင်။

"ငါမေးနေတာဖြေလေ Xiao Zhan"

"ပါး သား သားတောင်းပန်ပါတယ် သားတကယ်ဝါသနာပါလို့ပါ"

"ကဲ ဝါသနာပါချင်ဦးကွာ"
ခွပ်
Xiao Zhan အထိုးခံလိုက်ရပြီး လည်ပင်းကအင်္ကျီစမှဆွဲပြီး ကြမ်းပြင်ပေါ်သို့ ဆောင့်တွန်းခံလိုက်ရခြင်းပင်။

"မင်း ထစမ်း"

Xiao Zhan ပြန်ထလိုက်ချိန်မှာပဲ ရင်ဘတ်မှအတွန်းခံလိုက်ရပြီး အနောက်က နံရံနဲ့ ဆောင့်မိပြီးအောက်သို့ ကျသွားတော့

ဖုန်း!!!
ခြေထောက်နဲ့အကန်ခံလိုက်ရခြင်းပင်။Xiao Zhan ခမျာနာလွန်းသဖြင့် သတိတောင်မကပ်တော့ဘဲ မျက်လုံးများမှိတ်သွားလေသည်။

ဘေးမှလူတွေကလည်းဝင်မဆွဲရဲကြပေ။

ထိုစဉ် YiBo မှ Xiao Zhan ကို လက်တစ်ဖက်ကို ဒူးအောက်မှ လျှိုပြီး ကျန်တစ်ဖက်ကို ကျောပြင်အောက်မှ မလိုက်ပြီး သိမ်းကျုံးဖက်ထားလိုက်လေသည်။
"Xiao Zhan သတိထားဦး"
ပွေ့ပြီး ချီလိုက်ကာ
Cheng Yue Ping ဘက်သို့လှည့်ကာ အေးစက်သောမျက်ဝန်းများဖြင့်

"နောက်တစ်ခါ သူ့ကိုထိရင် သူ့အဖေမကလို့ဘာကြီးပဲဖြစ်နေပါစေ
ခင်ဗျားကို ထောင်ထဲပို့ပစ်မယ်"

ထိုအခါမှ ဘေးက လူတွေလည်း သတိဝင်လာပြီး Xiao Zhan ရဲ့ ပါးကို ဝင်ဆွဲကြလေတယ်။

Yi Bo လည်း Xiao Zhan ကိုပွေ့ချီကာ Wang Hospital သို့ခေါ်သွားလေတယ်။ကျန်းချန်လည်းYi Bo နောက်လိုက်သွားလေတယ်။
ကျန်းချန်က ကားမောင်းပြီး
Yi Bo က တော့ အနောက်ခန်းမှာ Yi Bo ကိုပွေ့လျက်ပင်။

ကောင်လေးကို ရိုက်နေတုန်း Li Hae ရဲ့စိတ်ထဲမှာ အမည်မသိသော ခံစားမှုများခံစားရကာ မရိုက်ပါနဲ့တော့လို အော်ပြောချင်စိတ်က တဖွားဖွား
လက်တွေ့မှာ သူမမွန်းကြပ်နေပြီး မျက်ရည်တွေနဲ့ပဲ ဝေဝါးနေလျက်။
Shin Ji မှာတော့ နိုင်ကွက်တွေ့ပြီဟူ၍ပင်။

My Heart With You (Completed)Where stories live. Discover now