Zawgyi
"မင်းငါ့ကိုအစောကတည်းကပြောပြသင့်တယ် Yibo။ မင်းက ငါမဖြေရှင်းနိုင်ဘူးလို့ထင်နေတာလား။ သူလုပ်ချင်ရာလုပ်ပါစေ....။ငါ့ရဲ့ ဝါသနာတွေအိပ်မက်တွေထက်
မင်းကိုပိုချစ်တယ်။
သူ့ကို မင်းရဲ့အနားမှာမမြင်ချင်ဘူး....""ကိုယ်က အဖြစ်မခံနိုင်ဘူး။ကိုယ့်ကောင်လေးကို ဘယ်လိုအကြောင်းမျိုးနဲ့မှ အထိခိုက်မခံနိုင်လို့၊ ကိုယ်နဲ့အတူအလိုက်သင့်လေးနေပေးပါ"
"ငါ အိပ်ချင်ပြီ"
"လာ ကိုယ့်ရင်ခွင်ထဲမှာအိပ်..။ နောက်တစ်ခါဒီလိုတွေမလုပ်ပါနဲ့ကွာ။ကိုယ်ချစ်တာသိတယ်မလား....."
အသံမကြားရတော့တာကြောင့် ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ ကျွန်တော့်ကောင်လေး။
~~~~~~~~~~~~~~~~~~~~~~
Xiao Zhan နဲ့ Shin Ji ကို ဇာတ်ကားတစ်ကားတည်းမှာ အတူတူသရုပ်ဆောင်ဖို့ ကမ်းလှမ်းထားတာကြောင့် Yibo စိတ်ပူရလေပြီ။
"ကိုယ့်ကောင်လေး "
"အင်း Yibo ငါအဆင်ပြေတာမို့ စိတ်မပူနဲ့နော်"
~~~~~~~~~~
ရိုက်ကွင်းမှာလည်း Shin Ji ရဲ့ အလွဲတွေကြောင့် ရိုက်ရတာအဆင်မပြေ။ ဒါရိုက်တာကြီးရော အဖွဲ့သားတွေရော ပင်ပန်းနေကြပြီ။
"Xiao Zhan အဆင်ပြေရဲ့လား"
Alley ကမေးလာတာကြောင့်"ရတယ် Alley"
ခနကြာတော့ ရိုက်ကွင်းကို Yibo ရောက်လာတယ်Shin Ji ကခေါ်လို့နဲ့တူပါရဲ့။
Dating Newsထွက်ထားတော့ သူတို့ကိုလူတွေဝိုင်းပြီးအာရုံစိုက်ကြတာမဆန်း။
Alleyကတော့ အကြောင်းစုံသိပြီးသားမို့
မမြင်ချင်ယောင်ဆောင်နေကာ Xiao Zhan ကိုအာရုံလွှဲပေးထားတယ်။
သူတို့ဇာတ်ဝင်ခန်းတစ်ခန်းပြီးလို့ နောက်တစ်ခန်းအတွက် အင်္ကျီတွေလဲနေကြတုန်း
Yiboရောက်လာတော့ Shin Ji က"Yibo ငါညနေမင်းအိမ်မှာ ညစာလိုက်စားမယ်"
Yibo ကတော့ Xiao Zhan ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။Xiao Zhan က
ခွင့်ပြုသည့်သဘောရတော့"ရတယ်လေ Xiao Zhan ရှိနေတော့ အဆင်ပြေပါ့မလား"
"ရတာပေါ့ ငါတို့အတူတူစားကြတာပေါ့"
Shin Ji က အောင်နိုင်သူအပြုံးကြီးနဲ့။
YOU ARE READING
My Heart With You (Completed)
Fanfictionကိုယ့်ကောင်လေးကို ထာဝရထက် တစ်သက်ပိုချစ်တယ် ...