Zawgyi
Yi Bo လည်း အဲ့ကောင်လေးကိုကျောပိုးရင်းပဲရသူပြောတဲ့နေရာကိုရောက်လာတယ်သူ့ကို ကျောပေါ်က အသာအယာဆင်းစေပြီး
သူ့ရဲ့မားက "သား Zhan Zhan ဘယ်လိုဖြစ်လာရတာလဲကွယ်""ချော်လဲတာ မား အီးဟီးဟီး ခြေထောက်ကြီးရောဖင်ရော နာသွားပြီ"
"ဟဲ့သား မငိုနဲ့လေ မား မင်းရဲ့အခန်းထဲရောက်မှ ဆေးလူးပေးမယ် လာ သားရဲ့အခန်းထဲအထုပ်တွေသွားထားရအောင်"
သူတို့လည်း Yi Bo ကို ကျေးဇူးတင်စကားပြောပြီးထွက်လာခဲ့ကြတယ်။ကျောင်းသားအချို့မှာ မိမိအိမ်မှလာကြသော်လည်း
မိမိမှာကျောင်းဝန်းထဲမှအဆောင်တွင်နေမည်ဖြစ်သောကြောင့် အခန်းရှိရာသို့ ......."ရပြီ ဦးငယ် သားအထုပ်တွေ ပြည့်စုံပြီ ဦးငယ် သားရဲ့မားကို ဂရုစိုက်ပေးပါနော် သားကျောင်းပိတ်ရင်ပြန်လာပါ့မယ် ဖုန်းလည်းဆက်ပါ့မယ်
မားရောဦးငယ်ရော သားကိုစိတ်မပူကြပါနဲ့""ဟုတ်ပါပြီ Zhan Zhan ရယ် ငါ့တူလည်း ကိုယ့်ကိုကိုယ်ဂရုစိုက် မင်းမားအတွက်စိတ်မပူနဲ့
လိုတာရှိရင် ဦးငယ်ကိုပြော ဦးငယ်လာပို့ပေးမယ် ""ဟုတ် ဦးငယ်
မားတို့ အပြန်မိုးချုပ်နေမယ် သားကိုစိတ်ချပါ"Xiao Zhan လည်း ခရီးပန်းလာလို့ ကိုယ်လက်သန့်စင်ပြီး ဆေးလူပြီး အိပ်စက်ခြင်းဆီ။
.........
Yi Bo လည်း ဟိုကောင်လေးဆီမှ ထွက်လာခဲ့တယ်။ ကလေးလေးကျနေတာပဲကွာ အရင်လိုလေးပဲ ကိုယ့်ရွေးချယ်မှု မှန်ကန်မှာပါ။
Yi Bo လည်း တွေးရင်းလျှောက်လာရင်း
"သား Yi Bo လေး"
"အန်တီ Li Hae(xiao သခင်မကြီး)
Shi Ji ရော မပါဘူးလား""မပါဘူးသားရေမင်းသူငယ်ချင်းက ဒီအဆောင်မှာမနေဘူးတဲ့ အိမ်ကနေပဲလာမှာတဲ့ကွယ်အဆောင်မှာလူများလို့မနေချင်ဘူးတဲ့လေ အန်တီကလည်း ဒီကကျောင်းသူဟောင်းဆိုတော့ အန်တီတစ်ယောက်တည်းပဲလာလိုက်တာလေ"
"ဟုတ်ကဲ့ အန်တီ သားကတော့ အဆောင်မှာနေမှာ
သား သွားဦးမယ်နော် "Yi Bo လည်း နှုတ်ဆက်ပြီးတာနဲ့ ကျောင်းသားရေးရာဘက်ကို အခန်းနံပါတ်သွားရှာပြီး ပြန်လာခဲ့တယ်။အခန်းနံပါတ်က 5 တဲ့ ။ အခန်းရှိရာကို အထုပ်တွေသယ်လာခဲ့ပြီး ဝင်လာတော့ အိပ်မောကျနေသည့် ဟိုစွာတေးလေး ပါးစပ်ဟနေလို့ သွားလေးတွေတောင်ပေါ်နေလေရဲ့။သူနဲ့တစ်ခန်းတည်းနေရမှာပေါ့။
Yi Bo လည်းအထုပ်တွေနေရာချပြီး ကောင်လေးဘေးက ကုတင်ပေါ်တက်ပြီး အိပ်စက်ခြင်းသို့။