Ep - 12💚❤

1.8K 124 4
                                    

Zawgyi
This part may contain a little violence

Cheng Yue Ping လည်း Xiao Zhan တို့ကျောင်းကိုရောက်တော့ ဖုန်းဆက်လိုက်တယ်။

Xiao Zhan လည်း နေ့လည်စာစားချိန်ဖြစ်သည့်အတွက် သူ့ပါးပါးက ခေါ်သည့်နေရာသို့ထွက်လာလေတယ်။
ကျန်းချန်ကတော့
"ငါပါလိုက်မယ် စိတ်မချဘူး"

"ရပါတယ်ကွာ ဒီလိုလုပ် ကျောင်းတက်တဲ့အချိန်မှ ပြန်မရောက်ရင်ငါ့ကို လာခေါ်လှည့်"

"ပြီးတာပဲ ဂရုစိုက်သွားဦး"

ပါးက ကျောင်းရှေ့သို့လာရန်ခေါ်ထားသည့်အတွက် ကျောင်းရှေ့ပဲလာခဲ့တယ်။
ရောက်ရောက်ချင်းပင်
"ပါး သားကိုဘာပြောချင်လို့လဲ"

"မင်းလာ"

လည်ပင်းအင်္ကျီစကနေဆောင့်ဆွဲလိုက်ပြီး
ကားဘက်သို့တွန်းလိုက်တာကြောင့် Xiao Zhan ကားနှင့်ခိုင်းမိကာကျောပင်အောင့်သွားရလေသည်။

"ပါး"

"မင်းကြောင့် မင်းကြောင့်" ဟုဆိုကာ လက်သီးနှင့် ငါးချက်ဆင့်ထိုးပြီး ဆံပင်မှကိုင်ကာ ကျောင်းရဲ့နံရံဘက်သို့ ဆွဲသွားလေသည်။ နံရံဘက်ဆောင့်တွန်းလိုက်တော့ နဖူးနဲ့ရိုက်မိကာ Xiao Zhan ခွေခနဲ့ကျသွားလေတယ်။

"မင်းပြန်ထ" ဟု လည်ပင်းမှညှစ်ကာ အတင်းထခိုင်းလေသည်။
"ပါး သားအသက်ရှူကြပ်.."

"မင်းကြောင့် Shin Ji သူ့ကိုယ်သူသတ်သေဖို့လုပ်တာ၊ Wang Yibo က သူ့ကိုမချစ်လို့" ပြောနေရင်း လည်ပင်းမှလက်ကိုပိုညှစ်လိုက်ကာ ကျန်လက်တစ်ဖက်မှဆံပင်ကိုဆွဲလိုက်ပြီး လမ်းပေါ်ကို ပစ်ချလိုက်ကာ ခြေထောက်နဲ့ကန်လေတယ်။
"မင်းအဆင့်နဲ့များ Wang Yibo ကိုတွဲရဲတယ်။Shin Ji တစ်ခုခုဖြစ်ရင်မင်းနဲ့ငါအတွေ့ပဲ"  ဟုပြောအပြီးကားမောင်းထွက်သွားသည့် ကျွန်တော့်ရဲ့ပါး။

*ပါးရဲ့သားက ကျွန်တော်ပါ။

Yibo..............*
Xiao Zhan လည်းအမှောင်အတိ။

.......

ကျန်းချန်လည်း ကျန့်ကျန့်ပြန်မလာသေးလို့စောင့်နေတုန်းကျောင်းသားတစ်ယောက်ရောက်လာပြီး
"ကျန်းချန် အပြင်မှာ ကျန့်ကျန့် "ပြောနေတုန်းရှိသေးကျန်းချန်လည်း အပြင်ကိုအပြေးထွက်လာခဲ့တယ်။

My Heart With You (Completed)Where stories live. Discover now