1.🌃

5.5K 407 4
                                    

အိမ်ရှေ့တံခါးကို တဒုန်းဒုန်းနဲ့
ခပ်​ပြင်းပြင်းထုနေတဲ့အသံ
ကြားရတဲ့နောက်..

အိပ်နေရာကနေ
သူ စိတ်တိုတိုနဲ့ ထလိုက်တယ်..။

ဧည့်ခန်းရှေ့က အဖြတ်
တိုင်ကပ်နာရီကို သူ လှမ်းကြည့်တော့
လက်တံတိုက တစ်ဂဏန်းမှာဖြစ်တယ်..။

ညကြီး အချိန်မတော်
ဘယ်အရူးက တံခါးလာထုနေတာတုန်း..။

စိတ်တိုတိုနဲ့
တံခါးရဲ့ ချောင်းကြည့်ပေါက်ကနေတဆင့်
အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့..

တိုက်ခန်းရှေ့ စင်္ကြံလမ်းမှာ
ဘာတစ်ခုမှ ရှိမနေခဲ့ဘူး...။

သူ နားကြားများမှားသွားတာလား..

အတွေးနဲ့ သူ ပြန်လှည့်လိုက်တာမှာ
အိပ်ခန်းဆီတောင် မရောက်လိုက်..

တဒုန်းဒုန်းထုသံက
ထပ်ထွက်လာပါတယ်..။

ထိတ်ခနဲ ဖြစ်သွားတဲ့စိတ်ကို
အမြန်ပြန်ပြင်လိုက်တယ်..။

ငါကွ ယောက်ျား..

ဒီတစ်ခါတော့ အသံရပ်မသွားခင်
တံခါးဆီအမြန်လျှောက်သွားတယ်..။

ပီးတော့...

တံခါးကို ဝုန်းခနဲ ဖွင့်ချလိုက်တယ် ..။

ဖွင့်လိုက်တဲ့ တံခါးရဲ့နောက်ကွယ်ကနေ
လူတစ်ယောက် ဖုတ်ခနဲ
ပြုတ်ကျလာပါရော..။

(Z)

အိမ္ေရ႔ွတံခါးကို တဒုန္းဒုန္းနဲ႔
ခပ္​ျပင္းျပင္းထုေနတဲ့အသံ
ၾကားရတဲ့ေနာက္..

အိပ္ေနရာကေန
သူ စိတ္တိုတိုနဲ႔ ထလိုက္တယ္..။

ဧၫ့္ခန္းေရ႔ွက အျဖတ္
တိုင္ကပ္နာရီကို သူ လွမ္းၾကၫ့္ေတာ့
လက္တံတိုက တစ္ဂဏန္းမွာျဖစ္တယ္..။

ညႀကီး အခ်ိန္မေတာ္
ဘယ္အရူးက တံခါးလာထုေနတာတုန္း..။

စိတ္တိုတိုနဲ႔
တံခါးရဲ့ ေခ်ာင္းၾကၫ့္ေပါက္ကေနတဆင့္
အျပင္ဘက္ကို လွမ္းၾကၫ့္လိုက္ေတာ့..

တိုက္ခန္းေရ႔ွ စႀကၤံလမ္းမွာ
ဘာတစ္ခုမွ ရိွမေနခဲ့ဘူး...။

သူ နားၾကားမ်ားမွားသြားတာလား..

အေတြးနဲ႔ သူ ျပန္လွၫ့္လိုက္တာမွာ
အိပ္ခန္းဆီေတာင္ မေရာက္လိုက္..

တဒုန္းဒုန္းထုသံက
ထပ္ထြက္လာပါတယ္..။

ထိတ္ခနဲ ျဖစ္သြားတဲ့စိတ္ကို
အျမန္ျပန္ျပင္လိုက္တယ္..။

ငါကြ ေယာက္်ား..

ဒီတစ္ခါေတာ့ အသံရပ္မသြားခင္
တံခါးဆီအျမန္ေလ်ွာက္သြားတယ္..။

ပီးေတာ့...

တံခါးကို ဝုန္းခနဲ ဖြင့္ခ်လိုက္တယ္ ..။

ဖြင့္လိုက္တဲ့ တံခါးရဲ့ေနာက္ကြယ္ကေန
လူတစ္ေယာက္ ဖုတ္ခနဲ
ျပဳတ္က်လာပါေရာ..။

NeighborWhere stories live. Discover now