စာဆိုတာမျိုးက
ခေါင်းထဲကနေ
ထုတ်ချင်တိုင်းထုတ်
ထွက်ချင်တိုင်းထွက်နိုင်တဲ့အရာ
မဟုတ်ကြောင်း
သူ့ထုတ်ဝေသူအနေနဲ့
သိဖို့ကောင်းတယ်..။စားပွဲထောင့်က calendarကိုလှမ်းကြည့်ပြီး
သက်ပြင်းကိုအနိုင်နိုင်ချတယ်..။နောက်တော့
သူ ဘယ်လိုကနေဘယ်လို
အိပ်ပျော်သွားတယ် မသိ..ဆတ်ခနဲ သူလန့်နိုးတော့
တစ်လောကလုံးဟာ
မှောင်မိုက်လို့နေပြီဖြစ်တယ်..။စာကြည့်မီးကို လှမ်းဖွင့်ရင်း
အချိန်ကိုကြည့်လိုက်တော့
သူ နင်သွားတယ်..။ဒီလောက်အကြာကြီး
စာကြည့်စားပွဲပေါ်မှာ
ဘယ်လိုတောင်အိပ်နေနိုင်ရတာလဲ..။မားပြောနေကျစကားတောင် အမှတ်ရ..
အလုပ်များလုပ်ရ
စာများဖတ်ရမယ်ဆိုရင်
ငါ့သားလေးက
တန်းအိပ်ပျော်တာပဲတဲ့...။ဒီတစ်ခေါက်စာမူပေးပြီးရင်
မားဆီ ခနပြန်ပါဦးမယ်..။မျက်နှာသစ်ပြီးတဲ့နောက်
Coffeeဖျော်ဖို့ လုပ်နေတုန်း..ရုတ်တရက်
အိမ်ရှေ့ဘက်ဆီက
တံခါးထုသံ ထွက်လာပါတယ်..။တယ်..ဒီအချိန်ကြီး
ဘယ်ကဟာတုန်း..မျက်နှာသုတ်ပဝါကို
ပခုံးထက်လွှမ်းလိုက်ရင်း
အိမ်ရှေ့ဘက်ထွက်ခဲ့တယ်..။ချောင်းကြည့်ပေါက်ကနေ
ကြည့်လိုက်တော့..ဟိုခေါင်းပြာ...
နေပါဦး ဒင်းက
ဘာလာလုပ်ပြန်တာတုန်း..။တံခါးကို ဆွဲဖွင့်လိုက်တော့
တံခါးဆက်ထုဖို့ ဟန်ပြင်နေတဲ့
လက်သီးဆုပ်က
သူ့ပခုံးနားရောက်လာပါတယ်..။သူ နောက်ကိုအမြန်ဆုတ်လိုက်ရင်း
ခေါင်းပြာကောင်ကို
သေချာကြည့်ပြီးပြောလိုက်တယ်..။"မင်း ဟိုတနေ့က
ဘယ်အချိန်ထပြန်သွားတာလဲ..
ဒီတိုင်းထွက်သွားရအောင်
ငါ့အိမ်ကို တည်းခိုခန်းများမှတ်နေလား..
ဟမ်..."ခေါင်းပြာကောင်က
သူ့ကိုမကြည့်ပဲ အိမ်ထဲဝင်သွားတယ်..။ဒီကောင်နဲ့တော့..