6.🌃

2.1K 399 22
                                    

တနေ့ တနေ့ အချိန်မီအပ်ရမဲ့
စာမူအကြောင်း
တွေးရင်း ရေးရင်း
သူ အပြာကောင်ကို မေ့သွားပါတယ်..။

ရေးလက်စစာကို အချောသတ်လိုက်ပြီး
ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တော့
ရေပုလင်းကလွဲလို့ ဘာမှမရှိ..။

ဒီအချိန်ထိဖွင့်နိုင်တာဆိုလို့
24 hrဆိုင်ပဲ ရှိတော့တာမို့
လမ်းထိပ်ဖက် သူထွက်ခဲ့တယ်..။

နို့ဘူးကို ပိုက်တပ်လိုက်ပြီးတဲ့နောက်
လက်တစ်ဖက်က နို့ဘူးကိုကိုင်
ကျန်တစ်ဖက်က အထုပ်တရမ်းရမ်းနဲ့
သာသာယာယာလျှောက်လာတာမှာ
သူ့အခန်းဘက်အရောက်..

ရော်...အခန်းရှေ့မယ်
အပြာကောင်..။

သူ ခပ်မြန်မြန်လျှောက်လိုက်ရင်း
အနားရောက်တော့..

တယ်..ဒီအပြာကောင်
မူးလာပြန်ပြီ..။

"ပြောတော့ ဒါ မင်းအိမ်ဆို
ခုကျ ဘယ်မလဲ သော့
သော့ဖွင့်ဝင်လေ.."

အပြာကောင်ကြည့်ရတာ
ခပ်မှိုင်မှိုင်ပဲ
ငိုတောင်ငိုထားတာလားမသိ..
သူ့ကို ဘာမှ ခွန်းတုံ့မပြန်ပဲ
ခပ်ငိုင်ငိုင်နဲ့ကြည့်နေတယ်..။

ဘုတောချင်နေတဲ့ သူ့စိတ်ဟာ
လေနဲ့အတူပါသွား..။

သူ့လက်ထဲက အထုပ်ကို
အပြာကောင့်ဆီထိုးပေးလိုက်တယ်
"ရော့...ကိုင်ထား
ငါ သော့ဖွင့်ရဦးမယ်.."

အပြာကောင်က ဘာမှပြန်မပြောပဲ
အထုပ်ကိုလှမ်းယူပါတယ်..။
သော့ဖွင့်ရင်းက သူကျိတ်ပြုံးလိုက်တယ်
အပြာကောင်က ဘယ်ဆိုးလို့လဲ..။

အိမ်ထဲ သူအရင်ဝင်လိုက်ပြီး
နောက်လှည့်မကြည့်ပဲ
ပြောလိုက်တယ်..။
"တံခါးသေချာပြန်ပိတ်ခဲ့.."

Lockချသံအကြားမှာ
သူ ကျေနပ်..
တကယ်ကိုပဲ အပြာကောင်က
လိမ္မာတယ်..။

ဧည့်ခန်းအရောက်
လက်ထဲကအထုပ်ကို လှမ်းယူရင်း
လက်ပါဆွဲပြီး ထိုင်ခိုင်းလိုက်တယ်..။

"ထိုင်ဦး
ရေချိုးပြီး အိပ်ဖို့ကြံမနေနဲ့
ငါ ဒီနေ့တော့ မင်းကို
သေချာပေါက် မေးရမှကို ဖြစ်မှာမို့.."

အပြာကောင်က သူဆွဲချထားရာနေရာမှာပဲ
ငြိမ်ငြိမ်လေးထိုင်နေတယ်..။

NeighborWhere stories live. Discover now