"နင် ဘယ်တော့ပြန်မလဲ.."
ကြည့်..
ဒါ သားအမိချင်းပြောသင့်တဲ့စကားလား..။"စွေကြည့်မနေနဲ့..
အရင်ကတော့ ဒီလိုနယ်မြို့လေးမယ်
အပင်စိုက်ပြီး မရှင်သန်နိုင်ပါဘူးဆို.."သူ မကြားတကြားပြောလိုက်တယ်..။
"ခုလဲ နေချင်ပါဘူး..."မှောက်အိပ်နေတဲ့ သူ့ကျောကို
တဖျတ်ဖျတ် လာရိုက်ပါတော့တယ်...။"Ah...
မား..နာတယ်လို့...""ရောက်ကတည်းကလဲ
ရည်းစားပူမိသလို တမှိုင်တွေတွေနဲ့
ပြန်မှဖြင့်လဲ ပြန်..
နင့်ကိုကြည့်ပြီး ငါစိတ်မချမ်းသာဘူး..""ပြီး...ဘာမှလဲ ကူမလုပ်..."
လှဲနေရာကနေ သူ ထထိုင်လိုက်တယ်..။
"အပင်တွေ ရေလောင်းပေးတော့လည်း
မားပဲ မလောင်းနဲ့ဆို.."မားက သူ့နားရွက်ဖျားကို
လာဆွဲပြန်တယ်..။"လောင်းတာလား
ရေနှစ်သတ်နေတာလား မသဲကွဲတာကို
ငါက အရူးမလို့
ဆက်လောင်းခိုင်းရမှာလား
ပြောစမ်း.. "တဲ့သူ ဖျတ်ခနဲ မားဘက်လှည့်လိုက်တယ်..။
"ဟင်..ငါ့သားလေး.. ငိုနေတာပဲ..
မားက နှင်ချတာ မဟုတ်ပါဘူး..
တငိုင်ငိုင်တတွေတွေနဲ့မို့
အာရုံလွှဲတဲ့အနေနဲ့ စာပြန်ရေးစေချင်ရုံပဲ.."မျက်ရည်တွေသုတ်ပေးနေတဲ့
မားရဲ့လက်ကို သူ ဖယ်လိုက်တယ်..။နောက်တော့
လက်ကောက်ဝတ်က ကြိုးနီကို
တို့ထိရင်း
သူ ခပ်တိုးတိုးပြောလိုက်တယ်..။"မား..ဒါ ဝတ်ပေးလိုက်လို့..
သူ ထွက်သွားတာ..သိလား""အဲ့ကြိုးနီ အရင်တစ်ခါ
ပျောက်သွားတုန်းက
နင်ပဲ တဂျီဂျီနဲ့ ထပ်လုပ်ပေးဆိုလို့
သေချာကို သွားလုပ်လာရတာလေ.."သူ မျက်ရည်တွေထပ်ကျလာပြန်တယ်..။
"ဒါတော့ သူ့ကို အဲ့လိုမှန်းမှ မသိခဲ့ပဲ..""ဘာကို အဲ့လို.."
ရုတ်တရက်
မားရယ် အကျယ်ကြီး ထအော်ပါတယ်..။"ဒါဆို နင့်လိပ်ပြာက
တကယ်ကို လိပ်ပြာဖြစ်နေတာပေါ့.."ပြီး ဖြုန်းခနဲ ထရပ်ပြန်တယ်..။
"ဒါဆို မဖြစ်ဘူး..
နောက်တစ်ခု သွားလုပ်ထားမှ ဖြစ်မယ်.."
![](https://img.wattpad.com/cover/233585666-288-k69168.jpg)