2.🌃

3.1K 396 8
                                    

သူ သေချာ
အနားကပ်ပြီး ကြည့်လိုက်တော့
ပထမဆုံးသတိပြုမိတာက
ပြာပြာလွင်နေတဲ့ဆံပင်တွေ..

နောက် တစ်ကိုယ်လုံးပေါ်က
တို့လို့တွဲလောင်းနဲ့
ဖန်စီပစ္စည်းတွေ ..။

ကြည့်နေရင်းကနေ
ရုတ်တရက် ဆံပင်ပြာက
ခေါင်းမော့လာပီး
လိုင်နာခပ်ရင့်ရင့်နဲ့
မျက်ခွံတွေဟာလည်း
ဖျတ်ခနဲ ပွင့်လာပါတယ်..။

နောက်တော့
ကြောင်ပြီးကြည့်နေမိတဲ့
သူ့ကို တွန်းဖယ်လို့
သူ့အခန်းထဲ ဒယိမ်းဒယိုင်နဲ့
ဝင်သွားပါလေရော..။

တစ်စိတ်လောက်
အာ့တာ ငါ့အိမ်လေ ..

အနောက်ကနေ ခပ်သွက်သွက်လိုက်ပီး
ဂုတ်ကနေ ဆွဲချလိုက်တော့
ယိုင်ခနဲ ပါလာတယ်..။

အလကား ငမူးကောင်
အရက်နံ့ကလဲ တထောင်းထောင်းနဲ့
အားကျတစ်စက်မှ မရှိဘူး..။

ဆွဲချလာရင်း
ပါးစပ်ကလဲ တန်းစီပြီးမေးရသေးတယ်..။

"မင်းက ဘယ်သူလဲ
ဘယ်ကလဲ
ဘာကိစ္စနဲ့
ငါ့အိမ်ထဲ စွတ်ရွတ်ဝင်ရတာလဲ.."

အပေါက်ဝရောက်တော့
ငမူးက သူ့ကို ဗြုန်းခနဲ
နံရံမှာကပ်ချလိုက်ပီး
လေသံခပ်ရင့်ရင့်နဲ့ပြောပါတယ် ..။

"ဒါ ငါ့အိမ်
မင်းကသာ ဘာကိစ္စ
ငါ့အိမ်ထဲရောက်နေတာလဲ.."

ပြောပီးတော့
သူ့ပခုံးပေါ် ဆံပင်ပြာတွေနဲ့
ခေါင်းစိုက်ကျလာပါရော..။

မူးမူးနဲ့
ပေါက်ကရတွေ ပြောနေတာပဲ..။

ခေါင်းပြာကောင်ကို
ပခုံးနှစ်ဖက်ကနေ မယူလိုက်ပီး
အခန်းပြင်ဘက် ဆွဲထုတ်ရပြန်တယ်..။

လူကြည့်တော့သာ ပိန်ပါးပါး
ခြေလှမ်း သုံးလေးလှမ်းစာကို
မနည်းကိုသယ်ယူရတယ်..။
စောင်ကိုယ်သူခိုး..

အပြင်ဘက်ရောက်တော့
စင်္ကြံမယ်
တိုင်ကိုမှီလို့ သိပ်ထားလိုက်တယ်..။
အာ့မယ် အိပ်နေလိုက်..

သက်ပြင်းကိုချလို့
အိမ်ထဲပြန်ဝင်မယ် ရှိသေး..

ဗြုန်းခနဲ နောက်ကနေ
သိုင်းဖက်တာ ခံလိုက်ရတယ်..။

ပြီးတော့ ငိုသံပါကြီးနဲ့
အသံအကျယ်ကြီး ထွက်လာပါရော...

"နင်က ငါ့ကိုချစ်တာ
နင်က ငါ့ကိုပဲချစ်တာ.."တဲ့

NeighborWhere stories live. Discover now