စာအုပ်တိုက်ကအထွက်
သူ့ရဲ့ နမူနာစာအုပ်လေးကို
နေရောင်အောက်မယ်
ထောင်ပြီးကြည့်လိုက်သေးတယ်..။
သိပ်ကိုလှတာပါပဲ..။ဒီနေ့ည အပြာကောင်
ပြန်လာရင်ကောင်းမယ်..။
သူ့မယ် အထူးတလည်
ကြွားစရာတစ်ခု ရှိပါတယ်..။မှေးခနဲ အိပ်ပျော်သွားတော့မယ့်
အချိန်ရောက်မှ တံခါးခေါက်သံ
ခပ်တိုးတိုးထွက်လာတယ်..။တစ်ချက်
နှစ်ချက်
သုံးချက်မြောက်မှာ
သူ ဆတ်ခနဲ ထရပ်လိုက်တယ်..။ပြီးတော့ တံခါးပေါက်ဆီကို
ဝမ်းသာအားရ သူ ပြေးသွားတယ်..။တံခါးအဖွင့်မယ်
အပြာကောင်က
မျက်လုံးတောက်တောက်လေးတွေနဲ့
သူ့ကို ပြုံးပြီးကြည့်နေခဲ့ပါတယ်..။အပြာကောင်က
ပြုံးတတ်တယ်ရော...ပြီးတော့
သူထင်ထားခဲ့သလိုပဲ
အပြုံးလေးက သိပ်လှတယ်..။အိမ်ထဲရောက်တော့
စားပွဲပေါ်တင်ထားတဲ့စာအုပ်ကို
ခပ်သွက်သွက်ပြေးယူလိုက်ပြီး
အပြာကောင်ရှေ့ ထိုးပေးလိုက်တယ်..။"ဒီမယ်ကြည့်..
ငါကရေးတဲ့ မင်းရဲ့အကြောင်း.."စာအုပ်ဆီလက်လှမ်းလာတဲ့
အပြာကောင်ရဲ့လက်ဟာ
သူ့ရဲ့လက်ကောက်ဝတ်နားက
ကြိုးနီလေးကို
ထိခတ်မိသွားပါတယ်..။ရုတ်တရက် အပြာကောင်က
နောက်ကိုဆုတ်သွားတယ်..။
ပြီးတော့
သူ့ကို ကြည့်လို့ ခပ်ဟဟရယ်ပါတယ်..။"ကိုကို
မင်းက ငါ့ကို မုန်းနေခဲ့တာပဲ .."တဲ့အပြာကောင်ရဲ့
မျက်ဝန်းတွေမှာ သူတစ်ခါမှ မတွေ့ခဲ့ရဖူးတဲ့ အရိပ်တချို့ဖြတ်ပြေးနေတယ်..။သူ အထိတ်တလန့်နဲ့သိလိုက်ရတယ်..။
နာကျင်နေတာပဲ
သူ့ရဲ့အပြာကောင်လေးက..။သူ ဘာလုပ်ရမယ်မသိ
ကြောင်ပြီးကြည့်နေတုန်းမှာပဲ..အပြာကောင်ဟာ
သူ့ရဲ့ရှေ့ကနေ
တစ်စတစ်စ မှေးမှိန် ပျောက်ကွယ်သွားပါတော့တယ်..။(Z)
စာအုပ္တိုက္ကအထြက္
သူ႔ရဲ့ နမူနာစာအုပ္ေလးကို
ေနေရာင္ေအာက္မယ္
ေထာင္ၿပီးၾကၫ့္လိုက္ေသးတယ္..။
သိပ္ကိုလွတာပါပဲ..။ဒီေန့ည အျပာေကာင္
ျပန္လာရင္ေကာင္းမယ္..။
သူ႔မယ္ အထူးတလည္
ႂကြားစရာတစ္ခု ရိွပါတယ္..။ေမွးခနဲ အိပ္ေပ်ာ္သြားေတာ့မယ့္
အခ်ိန္ေရာက္မွ တံခါးေခါက္သံ
ခပ္တိုးတိုးထြက္လာတယ္..။တစ္ခ်က္
ႏွစ္ခ်က္
သံုးခ်က္ေျမာက္မွာ
သူ ဆတ္ခနဲ ထရပ္လိုက္တယ္..။ၿပီးေတာ့ တံခါးေပါက္ဆီကို
ဝမ္းသာအားရ သူ ေျပးသြားတယ္..။တံခါးအဖြင့္မယ္
အျပာေကာင္က
မ်က္လံုးေတာက္ေတာက္ေလးေတြနဲ႔
သူ႔ကို ႃပံုးၿပီးၾကၫ့္ေနခဲ့ပါတယ္..။အျပာေကာင္က
ႃပံုးတတ္တယ္ေရာ...ၿပီးေတာ့
သူထင္ထားခဲ့သလိုပဲ
အႃပံုးေလးက သိပ္လွတယ္..။အိမ္ထဲေရာက္ေတာ့
စားပဲြေပၚတင္ထားတဲ့စာအုပ္ကို
ခပ္သြက္သြက္ေျပးယူလိုက္ၿပီး
အျပာေကာင္ေရ႔ွ ထိုးေပးလိုက္တယ္..။"ဒီမယ္ၾကၫ့္..
ငါကေရးတဲ့ မင္းရဲ့အေၾကာင္း.."စာအုပ္ဆီလက္လွမ္းလာတဲ့
အျပာေကာင္ရဲ့လက္ဟာ
သူ႔ရဲ့လက္ေကာက္ဝတ္နားက
ႀကိဳးနီေလးကို
ထိခတ္မိသြားပါတယ္..။ရုတ္တရက္ အျပာေကာင္က
ေနာက္ကိုဆုတ္သြားတယ္..။
ၿပီးေတာ့
သူ႔ကို ၾကၫ့္လို႔ ခပ္ဟဟရယ္ပါတယ္..။"ကိုကို
မင္းက ငါ့ကို မုန္းေနခဲ့တာပဲ .."တဲ့အျပာေကာင္ရဲ့
မ်က္ဝန္းေတြမွာ သူတစ္ခါမွ မေတြ့ခဲ့ရဖူးတဲ့ အရိပ္တခ်ိဳ႕ျဖတ္ေျပးေနတယ္..။သူ အထိတ္တလန႔္နဲ႔သိလိုက္ရတယ္..။
နာက်င္ေနတာပဲ
သူ႔ရဲ့အျပာေကာင္ေလးက..။သူ ဘာလုပ္ရမယ္မသိ
ေၾကာင္ၿပီးၾကၫ့္ေနတုန္းမွာပဲ..အျပာေကာင္ဟာ
သူ႔ရဲ့ေရ႔ွကေန
တစ္စတစ္စ ေမွးမိွန္ ေပ်ာက္ကြယ္သြားပါေတာ့တယ္..။