3.🌃

2.4K 364 1
                                    

နှိုးစက်သံဟာ
စူးစူးရွားရွားနဲ့
နားထဲကို ဝင်လာတယ်..။

အသံကြားရာဘက်ကို မှန်းလို့
သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်တယ်
နာရီကိုယူပြီးတဲ့နောက်
မျက်လုံးတွေကိုမနည်းဖွင့်လို့
ကြည့်လိုက်တော့..

လက်တံတိုဟာ ဆယ်ဂဏန်းမှာမိန့်မိန့်ကြီး

ဝုန်းခနဲ သူထထိုင်လိုက်တယ်..

ဒါ ဘယ်နှစ်ကြိမ်မြောက်မြည်တဲ့alarmတုန်း

ကသုတ်ကရက်နဲ့
ရေချိုးဖို့လုပ်ရတယ်..။

ဒီနေ့က ထုတ်ဝေသူနဲ့ ချိန်းထားတာမို့
နောက်ကျလို့တော့မဖြစ်...။

သွားတိုက်နေရင်း
မှန်ထဲက သူ့ရုပ်ကို ကြည့်မိတော့
အတော်လေးကို မလန်းမဆန်းနိုင်နေတယ်
အနီးကပ်ကြည့်လိုက်မှ
မျက်ကွင်းတွေတောင်ညိုနေသလိုလို..

ငါ့မျက်နှာ ချောချောလေးဟာ
ဘာလို့...

ရုတ်တရက်
သူ သတိရသွားတယ်..။

ညက ဟိုခေါင်းပြာ..

ဧည့်ခန်းဘက် သူ ပြေးထွက်လာခဲ့တယ်..။

သို့ပေမယ့်ပေါ့..
ခေါင်းပြာကောင်ဟာ
ရှိမနေတော့..။

တစ်ညလုံး အိမ်ထဲပေးသိပ်ထားတာတောင်ကျေးဇူးတင်ပါတယ်
တစ်ခွန်း ပြောမသွားဘူး..။

အတော်ကိုပဲ ကျေးဇူးကန်းတဲ့ကောင်..

(Z)

ႏိႈးစက္သံဟာ
စူးစူးရြားရြားနဲ႔
နားထဲကို ဝင္လာတယ္..။

အသံၾကားရာဘက္ကို မွန္းလို႔
သူ႔လက္တစ္ဖက္ကို ဆန႔္ထုတ္လိုက္တယ္
နာရီကိုယူၿပီးတဲ့ေနာက္
မ်က္လံုးေတြကိုမနည္းဖြင့္လို႔
ၾကၫ့္လိုက္ေတာ့..

လက္တံတိုဟာ ဆယ္ဂဏန္းမွာမိန႔္မိန႔္ႀကီး

ဝုန္းခနဲ သူထထိုင္လိုက္တယ္..

ဒါ ဘယ္ႏွစ္ႀကိမ္ေျမာက္ျမည္တဲ့alarmတုန္း

ကသုတ္ကရက္နဲ႔
ေရခ်ိဳးဖို႔လုပ္ရတယ္..။

ဒီေန့က ထုတ္ေဝသူနဲ႔ ခ်ိန္းထားတာမို႔
ေနာက္က်လို႔ေတာ့မျဖစ္...။

သြားတိုက္ေနရင္း
မွန္ထဲက သူ႔ရုပ္ကို ၾကၫ့္မိေတာ့
အေတာ္ေလးကို မလန္းမဆန္းႏိုင္ေနတယ္
အနီးကပ္ၾကၫ့္လိုက္မွ
မ်က္ကြင္းေတြေတာင္ညိုေနသလိုလို..

ငါ့မ်က္ႏွာ ေခ်ာေခ်ာေလးဟာ
ဘာလို႔...

ရုတ္တရက္
သူ သတိရသြားတယ္..။

ညက ဟိုေခါင္းျပာ..

ဧၫ့္ခန္းဘက္ သူ ေျပးထြက္လာခဲ့တယ္..။

သို႔ေပမယ့္ေပါ့..
ေခါင္းျပာေကာင္ဟာ
ရိွမေနေတာ့..။

တစ္ညလံုး အိမ္ထဲေပးသိပ္ထားတာေတာင္ေက်းဇူးတင္ပါတယ္
တစ္ခြန္း ေျပာမသြားဘူး..။

အေတာ္ကိုပဲ ေက်းဇူးကန္းတဲ့ေကာင္..

NeighborWhere stories live. Discover now