15.🌃

3.1K 465 31
                                    

မနက်ခင်းရဲ့ဖြာကျနေတဲ့
နေရောင်အောက်မယ်
မျက်ဝန်းလေးတွေက
ပိုလို့လင်းလက်နေတယ်..။

မှင်သက်ပြီးရပ်နေမိတဲ့သူ့ကို
ပြုံးလို့ကြည့်နေပါတယ်..။
နောက်တော့
ပြုံးနေရာကနေ ထရယ်ပြန်ရော...။

ရယ်လိုက်တဲ့အခါကျ
ပိုချစ်ဖို့ကောင်းတယ်..။
သွားညီညီလေးတွေ စီလို့ပါပဲ..။

ရုတ်တရက် ခေါင်းကို
ဆတ်ခနဲ ညွှတ်လို့ပြောလာပါတယ်..။

"ကျနော့် နာမည် ဝမ်ရိပေါ်ပါ
ဘေးခန်းကို မနေ့ကပဲ
ပြောင်းလာတာပါ..." တဲ့

သူ ခပ်တိုးတိုးရွတ်လိုက်တယ်..။

"ဝမ်ရိပေါ်တဲ့လား.."

အနည်းငယ်ညှိုးကျသွားတဲ့ သူ့မျက်နှာကိုအကဲခတ်သလိုကြည့်ရင်းဟက်ဟက်ပက်ပက် ထရယ်ပြန်တယ်..။

နောက်တော့
စွပ်ထားတဲ့ ခေါင်းစွပ်ကို
ဆတ်ခနဲ ချွတ်လိုက်တဲ့အခါ
ပြာပြာလွင်နေတဲ့ဆံပင်တွေ
ဖွာခနဲ ကျလာပါရော...။

တအံ့တဩငေးနေမိတဲ့သူ့ကို
သေချာစိုက်လို့ကြည့်ရင်း..

"ကျနော့်နာမည် ဝမ်ရိပေါ်
ဒါပေမဲ့ ကိုကို့ အခေါ်တော့
အပြာကောင် ပေါ့
ဟုတ်လား.."တဲ့

ခေါင်းတဆတ်ဆတ်ညိတ်ရင်း
မျက်ရည်တွေဝေ့နေတဲ့သူ့ကို
ခပ်ဖွဖွ လာဖက်ပြီး
တိုးတိုးလေးကပ်ပြောပါတယ်..။

"ကျနော် ပြန်လာတာ
နည်းနည်း နောက်ကျသွားတဲ့အတွက်
တောင်းပန်ပါတယ် ကိုကို.." တဲ့

- ပြီးပါပြီ -

(Z)

မနက္ခင္းရဲ့ျဖာက်ေနတဲ့
ေနေရာင္ေအာက္မယ္
မ်က္ဝန္းေလးေတြက
ပိုလို႔လင္းလက္ေနတယ္..။

မွင္သက္ၿပီးရပ္ေနမိတဲ့သူ႔ကို
ႃပံုးလို႔ၾကၫ့္ေနပါတယ္..။
ေနာက္ေတာ့
ႃပံုးေနရာကေန ထရယ္ျပန္ေရာ...။

ရယ္လိုက္တဲ့အခါက်
ပိုခ်စ္ဖို႔ေကာင္းတယ္..။
သြားညီညီေလးေတြ စီလို႔ပါပဲ..။

ရုတ္တရက္ ေခါင္းကို
ဆတ္ခနဲ ၫႊတ္လို႔ေျပာလာပါတယ္..။

"က်ေနာ့္ နာမည္ ဝမ္ရိေပၚပါ
ေဘးခန္းကို မေန့ကပဲ
ေျပာင္းလာတာပါ..." တဲ့

သူ ခပ္တိုးတိုးရြတ္လိုက္တယ္..။

"ဝမ္ရိေပၚတဲ့လား.."

အနည္းငယ္ၫွိုးက်သြားတဲ့ သူ႔မ်က္ႏွာကိုအကဲခတ္သလိုၾကၫ့္ရင္းဟက္ဟက္ပက္ပက္ ထရယ္ျပန္တယ္..။

ေနာက္ေတာ့
စြပ္ထားတဲ့ ေခါင္းစြပ္ကို
ဆတ္ခနဲ ခၽြတ္လိုက္တဲ့အခါ
ျပာျပာလြင္ေနတဲ့ဆံပင္ေတြ
ဖြာခနဲ က်လာပါေရာ...။

တအံ့တဩေငးေနမိတဲ့သူ႔ကို
ေသခ်ာစိုက္လို႔ၾကၫ့္ရင္း..

"က်ေနာ့္နာမည္ ဝမ္ရိေပၚ
ဒါေပမဲ့ ကိုကို႔ အေခၚေတာ့
အျပာေကာင္ ေပါ့
ဟုတ္လား.."တဲ့

ေခါင္းတဆတ္ဆတ္ညိတ္ရင္း
မ်က္ရည္ေတြေဝ့ေနတဲ့သူ႔ကို
ခပ္ဖြဖြ လာဖက္ၿပီး
တိုးတိုးေလးကပ္ေျပာပါတယ္..။

"က်ေနာ္ ျပန္လာတာ
နည္းနည္း ေနာက္က်သြားတဲ့အတြက္
ေတာင္းပန္ပါတယ္ ကိုကို.." တဲ့

- ၿပီးပါၿပီ -

NeighborWhere stories live. Discover now