မားအိမ်ရှေ့က သစ်ပင်ရိပ်မှာ
တရေးတမောအိပ်ရတာဟာ
အိမ်ပြန်ရောက်တိုင်း
သူမဖြစ်မနေလုပ်တတ်တဲ့
တစ်ခုတည်းသော သဘောကျဖွယ်ရာ
ဖြစ်တယ်..။ခုတော့ အတွေးတွေထဲ နစ်နေပြန်တဲ့သူက
လေပြည်လည်းဖြူးပါရဲ့..
လေညှင်းလည်းတိုက်ပါရဲ့နဲ့
အိပ်မပျော်နိုင်ဘူး ဖြစ်တယ်..။မားစိုက်ထားတဲ့ပန်းပင်တွေဆီက
တစ်ချက်တစ်ချက် ရနံ့ခပ်သင်းသင်း
ပျံ့လွင့်လာတယ်..။သို့ပေမယ့်ပေါ့..
ငေးကြည့်ချင်စရာ ပတ်ဝန်းကျင်ကို
ကျော်လွန်ပြီး
သူ တကယ်တမ်း မြင်ယောင်မိနေတာက
အပြာရောင်...။အပြာကောင်က
ကလေးလေးနဲ့တူတယ်..။
ဒါပေမဲ့
ပေကတ်ကတ် ဂျစ်တစ်တစ်
ကြောင်ဆိုးလေးတစ်ကောင်နဲ့
ပိုလို့တူပါတယ်..။မျက်ဝန်းလက်လက်လေးတွေနဲ့
သိပ်လှတဲ့ ကြောင်ကလေး..။မျက်ဝန်းကြည်ကြည်လေးတွေနဲ့
မော်ကြည့်လိုက်တဲ့ အခါမျိုးတွေမှာ
ဆံပင်ပြာတွေကို သူ ဆွဲဖွလိုက်ချင်တယ်..။
အဲ့ဒီအခါကျ
ချွဲတတ်တဲ့ ကြောင်လေးလိုမျိုး
ငြိမ်နေလောက်မလား..
ဒါမှမဟုတ် သွားစွယ်သေးသေးလေးတွေနဲ့
ထပြီးများ မာန်ဖီလေမလား..။သူ့အတွေးတွေကို
ရုတ်တရက်ထမြည်လာတဲ့
ဖုန်းမြည်သံက ချေဖျက်ပစ်လိုက်ပါတယ်..။သူ့ရဲ့ချစ်လှစွာသော
ထုတ်ဝေသူဆီက ဖြစ်တယ်..။မင်း စာအုပ်အဖုံးတွက်
နမူနာ ပုံကြမ်းရပြီ
ခု ကြည့်လိုက်တဲ့..။အင်တာနက်လိုင်းက မမိတမိမို့
ခြံထဲမှာပတ်ပြီး လိုက်ဖမ်းနေရပြန်တယ်..။ဟို ဒီ လျှောက်ချိန်နေမိတဲ့
သူ့ရဲ့လက်တွေဟာ
ရုတ်တရက် လေထဲမှာပဲ
တန့်သွားပါတယ်..။သူ စိတ်ကူးနဲ့အကြိမ်ကြိမ် ပုံဖော်ခဲ့ရတဲ့ပုံ
သူ့အတွေးတွေထဲက ပုံရိပ်ဟာ
နောက်ဆုံးတော့
တကယ်ကိုပဲ ရုပ်လုံးပေါ်လို့လာခဲ့ပါပြီ..။တိုက်ခန်းတစ်ခုရဲ့ ဝရံတာမယ်
ကြောင်လေးတစ်ကောင်
အဖြူရောင် အမွှေးပွလေးတွေနဲ့
လည်ပြန်ကြည့်လို့နေပါတယ်..။