သူ သော့အပိုတစ်ချောင်းထုတ်ပေးတော့
မယူဘူးရယ်..
မင်းဖွင့်ပေးရင်ရနေတာပဲတဲ့..အိမ်တံခါးကို တဒုန်းဒုန်းနဲ့မထုဖို့
အချေအတင်ပြောပြီးတဲ့နောက်မှာတော့
သူတို့နှစ်ယောက်ရဲ့ သင်္ကေတဟာ
တံခါးခေါက်သံ သုံးချက်ဖြစ်တယ်..။အိမ်ငှားခ တစ်ပြားမှမရတဲ့အပြင်
ညည တံခါးထဖွင့်ရတယ့်အလုပ်ပါ
သူ့အတွက် တိုးလာပါတယ်..။တစ်ချို့ညတွေမှာ
မူးမူးနဲ့ပြန်လာတတ်ပြီး
တစ်ချို့ညတွေကျ ပေါ်မလာတတ်ပြန်တဲ့
အပြာကောင်ဟာ
ပဟေဠိလည်းဆန်ပြန်တယ်..။ဒါပေမဲ့ပေါ့
အပြာကောင်ရဲ့မျက်ဝန်းတွေက
ဖြူစင်တယ်လို့ သူတွေးတယ်..
ပြီးတော့ သူ့အတွေးကိုလည်း
သူ ယုံတယ်..။ဘယ်တွေသွားနေလဲလို့မေးတဲ့အခါတိုင်း
မျက်လုံးကြည်ကြည်လေးတွေနဲ့
သူ့ကိုကြည့်နေရုံကလွဲလို့
ဘာအဖြေမှ ပြန်မလာတဲ့နောက်..ဧည့်ခန်းက ဆိုဖာဟာ
သူ့အတွက်တော့
တံခါးခေါက်သံစောင့်ရင်း
အိပ်ပျော်သွားတတ်တဲ့
အိပ်ရာအသစ် ဖြစ်လို့လာတယ်..။အပြာကောင်က မရယ်တတ်ဘူး
ပြုံးလဲ မပြုံးတတ်ပြန်ဘူး..။သို့ပေမယ့်ပေါ့..
သူပြောသမျှအကြောင်းအရာတိုင်းကို
ငြိမ်ငြိမ်လေး နားထောင်ပေးတတ်တယ်..။အငြိမ်လွန်ပြီး
အိပ်ပျော်သွားတဲ့အခါတွေလည်း
ရှိတာပေါ့လေ..။"မင်းရုပ် ကြည့်ရတာ
သေချာပေါက် ငါ့ထက်ငယ်ကိုငယ်ရမယ်
ဒီတော့ မင်း ငါ့ကို ကိုကိုလို့ခေါ်.."သူ ဒီလိုပြောတော့ မှုန်ကုပ်ကုပ်နဲ့
ကြည့်ပြန်တယ်..။"မခေါ်ရင်..မင်းကို နောက် ငါ တံခါးထမဖွင့်ပေးတော့ဘူး.."
အဲ့ဒီလိုခြိမ်းခြောက်လိုက်တဲ့နောက်ပိုင်း
အပြာကောင်က သူ့ကို
ကိုကိုလို့ပဲခေါ်ပါတော့တယ်..။တစ်ခုပဲ...
ကိုကို..လို့ အစပျိုးတိုင်းပြုံးမိသွားတယ့်
သူ့နှုတ်ခမ်းတွေဟာ
ငါနဲ့မင်းနဲ့ ဆက်လာတဲ့စကားတွေ
နောက်မယ် ပြန်ပြန်ပျက်သွားရပါတော့တယ်...။
![](https://img.wattpad.com/cover/233585666-288-k69168.jpg)