အချိန်တွေ တအိအိနဲ့သဲ့ယူရင်း
ရေးလာခဲ့တဲ့
သူ့ရဲ့ တတိယမြောက်လုံးချင်း
ဝတ္ထုလေးဟာ နောက်ဆုံးတော့
အောင်မြင်စွာနဲ့ ပြီးဆုံးလို့သွားခဲ့ပါတယ်..။စာမူအပ်ပြီးတဲ့နေ့မှာ
နှစ်ကူးပိတ်ရက်နဲ့တိုက်နေတာမို့
မားဆီ ပြန်လာခဲ့တယ်..။မားက သူ့ကို သေချာအကဲခတ်လို့
ကြည့်ရင်း မေးလာပါတယ်..။
"ကောင်လေး...
နင် ချစ်သူများ ရနေပလား" တဲ့တဟားဟားနဲ့ သူအော်ရယ်တော့
သူ့ပခုံးကိုဖတ်ခနဲရိုက်ရင်းပြောပြန်တယ်..။"သေချာနေတာပဲ.."တဲ့
နောက်တော့
သူ့ပါးတစ်ဖက်ကို
လက်ဖဝါးနဲ့လာပွတ်ရင်း.."ဒီမျက်နှာချောချောလေးတော့
အနာခံမွေးထားပြီးမှ အလဟဿဖြစ်ရပြီ
ထင်ခဲ့တာ.."တဲ့သူ နှာခေါင်းကိုရှုံ့ပြလိုက်ရင်း
မားထိုင်နေတဲ့ဘေးနားကပ်ပြီး
လှဲချလိုက်တယ်..။"မား...
လူတစ်ယောက်ကို ချစ် မချစ်
ဘယ်လိုလုပ်ပြီး သိနိုင်မလဲ..""သူ့အကြောင်း မကြာမကြာတွေးမိမယ်..
သူက ကိုယ့်မျက်လုံးထဲတော့ အမြဲထူးခြားနေတာမျိုးပေါ့.."သူမျက်ဝန်းထဲ ပေါ်လာတာက
အပြာရောင်...။ရုတ်တရက်
သူ့အမေပီပီ ဗွေဖောက်လာပါတယ်..။
"ကြည့်ဖူးတဲ့ ကိုရီးယားကားထဲမယ်တော့
ကိုယ်ချစ်တဲ့သူနဲ့တွေ့ရင် လိပ်ပြာတွေ ထပျံတာပဲတဲ့..""ပြောစမ်း...ကောင်လေး
နင့်လိပ်ပြာက ဘာအရောင်လဲ..."သူ မားကို ကျောပေးလို့ ခပ်တိုးတိုးရယ်ရင်း ပြောလိုက်တယ်..။
"အပြာရောင်လို့ ထင်တာပါပဲ.."မားရယ် သူ့ကျောကို တဖုန်းဖုန်းရိုက်လို့
ထအော်ပါတယ်..။
"ရှောင်းရှောင်းကျန့်
နင်ကြိုက်နေတာ အပြာမယ်တဲ့လား..
မဟုတ်မဟတ်တွေ လုပ်လို့ကတော့
နင် ငါ့အကြောင်း အသိပဲ..."တဲ့စောနကကြည်နူးမိတဲ့စိတ်ကလေးဟာ
ခုဆိုရင် ဟုတ်ခနဲ ပြာကျပြီးတဲ့နောက်
လေနဲ့အတူ လွင့်မြောလို့သွား...။မားတစ်ယောက်ကတော့
တွေးလိုက်မှဖြင့်...။(Z)
အခ်ိန္ေတြ တအိအိနဲ႔သဲ့ယူရင္း
ေရးလာခဲ့တဲ့
သူ႔ရဲ့ တတိယေျမာက္လံုးခ်င္း
ဝတၴုေလးဟာ ေနာက္ဆံုးေတာ့
ေအာင္ျမင္စြာနဲ႔ ၿပီးဆံုးလို႔သြားခဲ့ပါတယ္..။စာမူအပ္ၿပီးတဲ့ေန့မွာ
ႏွစ္ကူးပိတ္ရက္နဲ႔တိုက္ေနတာမို႔
မားဆီ ျပန္လာခဲ့တယ္..။မားက သူ႔ကို ေသခ်ာအကဲခတ္လို႔
ၾကၫ့္ရင္း ေမးလာပါတယ္..။
"ေကာင္ေလး...
နင္ ခ်စ္သူမ်ား ရေနပလား" တဲ့တဟားဟားနဲ႔ သူေအာ္ရယ္ေတာ့
သူ႔ပခံုးကိုဖတ္ခနဲရိုက္ရင္းေျပာျပန္တယ္..။"ေသခ်ာေနတာပဲ.."တဲ့
ေနာက္ေတာ့
သူ႔ပါးတစ္ဖက္ကို
လက္ဖဝါးနဲ႔လာပြတ္ရင္း.."ဒီမ်က္ႏွာေခ်ာေခ်ာေလးေတာ့
အနာခံေမြးထားၿပီးမွ အလဟႆျဖစ္ရၿပီ
ထင္ခဲ့တာ.."တဲ့သူ ႏွာေခါင္းကိုရႈံ႔ျပလိုက္ရင္း
မားထိုင္ေနတဲ့ေဘးနားကပ္ၿပီး
လွဲခ်လိုက္တယ္..။"မား...
လူတစ္ေယာက္ကို ခ်စ္ မခ်စ္
ဘယ္လိုလုပ္ၿပီး သိႏိုင္မလဲ..""သူ႔အေၾကာင္း မၾကာမၾကာေတြးမိမယ္..
သူက ကိုယ့္မ်က္လံုးထဲေတာ့ အၿမဲထူးျခားေနတာမ်ိဳးေပါ့.."သူမ်က္ဝန္းထဲ ေပၚလာတာက
အျပာေရာင္...။ရုတ္တရက္
သူ႔အေမပီပီ ေဗြေဖာက္လာပါတယ္..။
"ၾကၫ့္ဖူးတဲ့ ကိုရီးယားကားထဲမယ္ေတာ့
ကိုယ္ခ်စ္တဲ့သူနဲ႔ေတြ့ရင္ လိပ္ျပာေတြ ထပ်ံတာပဲတဲ့..""ေျပာစမ္း...ေကာင္ေလး
နင့္လိပ္ျပာက ဘာအေရာင္လဲ..."သူ မားကို ေက်ာေပးလို႔ ခပ္တိုးတိုးရယ္ရင္း ေျပာလိုက္တယ္..။
"အျပာေရာင္လို႔ ထင္တာပါပဲ.."မားရယ္ သူ႔ေက်ာကို တဖုန္းဖုန္းရိုက္လို႔
ထေအာ္ပါတယ္..။
"ေရွာင္းေရွာင္းက်န႔္
နင္ႀကိဳက္ေနတာ အျပာမယ္တဲ့လား..
မဟုတ္မဟတ္ေတြ လုပ္လို႔ကေတာ့
နင္ ငါ့အေၾကာင္း အသိပဲ..."တဲ့ေစာနကၾကည္ႏူးမိတဲ့စိတ္ကေလးဟာ
ခုဆိုရင္ ဟုတ္ခနဲ ျပာက်ၿပီးတဲ့ေနာက္
ေလနဲ႔အတူ လြင့္ေျမာလို႔သြား...။မားတစ္ေယာက္ကေတာ့
ေတြးလိုက္မျွဖင့္...။