Chapter 1

41.6K 2.1K 206
                                    


ဟန်မင်းဆက် စိုးစံသော ခေတ်ကာလ။

ဟန်နိုင်ငံသည် အလွန် အင်အားကြီးမားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပေသည်။ အုပ်ချုပ်သော ဘုရင်၏အရှိန်အဝါကြောင့် နိုင်ငံအတွင်း စည်ပင် သာယာဝပြောနေလေ၏။

ထိုမင်းကြီးတွင် မိဖုရားများစွာ ကိုယ်လုပ်တော်အများရှိသော်ငြား သမီးတော်များသာ ထွန်းကားပြီး သားတော်ဟူ၍ တစ်ပါးသာ ရှိနေလေသည်။ ထို့ကြောင့် ထီးနန်းရိုက်ရာအတွက် နန်းလုစရာမျိုးတွေ မရှိနိုင်တော့ဟု တိုင်းသူပြည်သားများက ထင်ကြေးရှိကြသည်။ မှန်ပါသည်...တကယ်လည်း မရှိနိုင်ပါ။ သေချာပေါက် ထိုသားတော်ကသာ ဘုရင်ဖြစ်လာမည် မှန်သော်လည်း !!!!

"ဟေ့လူတွေ...မနက်ဖြန် နန်းတော်မှာ အိမ်ရှေ့စံ မင်းသားလေးအတွက် ကိုယ်ရံတော်‌ရွေးပွဲရှိတယ်တဲ့နော်..."

"ဟုတ်တယ်။ ဒါနဲ့ အဲ့အိမ်ရှေ့စံက အကျည်းတန်တယ်ဆိုတာ တကယ်အမှန်ပဲလား..."

"အဲ့လိုပဲ ပြောကြတာပဲ။ မင်းသားလေးက ကျိန်စာဆိုးနဲ့ မွေးဖွားလာတာဆိုတော့ တကယ်သနားမိတယ်..."

"အင်းနော်။ အရှင်မင်းကြီးခမျာ တစ်ဦးတည်းရှိတဲ့ အရိုက်အရာဆက်ခံရမယ့် မင်းသားလေးအတွက် တကယ်စိတ်မကောင်းဖြစ်နေမှာ သေချာတယ်..."

အဆောင်လက်ပတ်ဝယ်နေရင်း ကြားနေရတဲ့ ဘေးကလူတွေရဲ့ စကားသံကြောင့် မသိမသာနားစွင့်ပြီး နားထောင်နေလိုက်မိသည်။

ဒါဆို အိမ်ရှေ့မင်းသားက တကယ်ကြီး ရုပ်ဆိုးတာလား???

လက်ပတ်ဖိုးရှင်းပြီး ဈေးဆိုင်တန်းထဲက ထွက်လာလိုက်တော့သည်။ မထွက်ခင် ဦးထုပ်မှ ပဝါကြိုးက လျော့တိလျော့ရဲ ဖြစ်နေတာမို့ ချည်ဖို့အလုပ် လေပွေတစ်ချက် ဝှေ့တိုက်လိုက်သောကြောင့် ပဝါက လေအဝှေ့နဲ့အတူ ပါသွားလေပြီ။

ဟာ...

ဈေးဆိုင်တန်းတွေနားမှာ ဖြစ်နေတာမို့ မြင်းကို ဖြည်းညှင်းစွာ မောင်းနှင်နေတုန်း ပဝါအနီလေးတစ်စုံ လွင့်လာသောကြောင့် ဘာရယ်မဟုတ် လှမ်းဖမ်းလိုက်မိသွားတယ်။ ဘာရယ်မဟုတ် ဖမ်းလိုက်မိတာ မှန်သော်လည်း ပဝါပိုင်ရှင်လေးကို မြင်လိုက်ရချိန်မှာတော့ ဒါကို ဖမ်းနိုင်လိုက်တာ ကြီးစွာသော အောင်မြင်မှုဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်မိသွားသည်။

The Guardian [Completed]Where stories live. Discover now