Chapter 17

8.4K 1.1K 112
                                    


ကျွန်တော်တို့ မနက်စာ စားပြီးပြီးချင်း ပြန်ဖို့ပြင်နေကြတုန်း စိတ်အာရုံအတွေးထဲသို့ အရှင်ဧကရာဇ် ဆက်သွယ်လာတာကြောင့် နားထောင်လိုက်တော့ အခုချက်ချင်း ကောင်းကင်ဘုံသို့ ပြန်တက်လာခိုင်းနေတာပင်။ လမုန့်ပွဲတော်ပြီးမှ အပြီးပြန်တက်လာပါ့မယ်ဆိုတာတောင် ပြောမရတာမို့ အရှင့်သားထံ ခွင့်တောင်းရတော့သည်။

"အရှင့်သား..."

"ဝေ့ရင်း လာလေ။ ပြန်ကြမယ်..."

"ဟို ကျွန်တော် မလိုက်လို့ဖြစ်တယ်မလား။ အိမ်ကို အရေးတကြီး ပြန်ချင်လို့..."

"နေရင်းထိုင်ရင်း ဘာလို့အရေးကြီးတာလဲ။ ကိုယ်နဲ့ပဲ တစ်ခါတည်း ပြန်လိုက်ခဲ့..."

"ပြန်မှဖြစ်မှာမို့ပါ..."

""မင်း ထွက်ပြေးဖို့ ကြံ‌နေတာတော့ မဟုတ်ဘူးမလား..."

ပိုင်ဟု ဘေးနားရောက်လာပြီး ပြောလာတာကြောင့် ပြန်မေးလိုက်မိသည်။

"ငါက ဘာလို့ထွက်ပြေးရမှာလဲ..."

""မသိနိုင်ဘူးလေ။ နန်းတော်ရောက်ရင် အရှင်မင်းကြီးက ဘာပြောမလဲမှ မသိတာ။ အဲ့အတွက်များ ကိုယ်လွတ်ရုန်း‌ပြီး ပြေးတော့မလို့လားလို့..."

"ဟက်..."

"အဲ့အတွက်ဆို ခမည်းတော် ဘာမှမပြောစေရပါဘူး။ ဘာမှကြောက်စရာမလိုဘူးနော် ပြန်ကြမယ်..."

"အရှင့်သားက သူပြောတာ ယုံတာပဲလား။ အရှင်မင်းကြီး ပြောလည်း ကျွန်တော် မကြောက်ပါဘူး။ အခုတော့ မလိုက်နိုင်သေးဘူး။ အရှင့်သားတို့ သွားနှင့်တော့..."

""သူ့ကို ထားခဲ့လိုက် အရှင့်သား။ ကျွန်တော်တို့ မြန်မြန်ပြန်ကြရအောင်..."

အစကထဲက သူ့ကို ဘယ်လို လမ်းလွှဲရမလဲ တွေးနေတုန်း သူကိုယ်တိုင်ကကို နေခဲ့မည်လို့ဆိုလာတာကြောင့် ကြိတ်ပြုံးလိုက်မိတယ်။ မြင်းပေါ်တက်ခါနီး သူ့‌ဘေးသွားကာ မဲ့ပြုံးပြုံးပြလိုက်တော့ ကျွန်တော့်ကို ခြေထောက်နဲ့ လှမ်းကန်လာတာမို့ အံ့ဩမိလိုက်တာ။

ဘယ်လိုတောင် ကလေးကလားဆန်တဲ့ အပြုအမူမျိုးပါလိမ့်!!!

မြင်းပေါ်တက်ပြီးတာနဲ့ ကျွန်တော့်လူတွေကို စိတ်အာရုံနဲ့ ဆက်သွယ်ကာ ခေါ်ခဲ့လိုက်ပြီး ထိုနေရာမှ အရှင့်သားနဲ့အတူ ထွက်လာလိုက်ကြတော့သည်။ နောက်ဆုံးအနေနဲ့ သူ့ကို လှည့်ကြည့်လိုက်ပြီး စိတ်ထဲကနေ ရေရွတ်လိုက်မိပါ‌သေးသည်။

The Guardian [Completed]حيث تعيش القصص. اكتشف الآن