စိတ်ကိုတည်ငြိမ်အောင်ပြန်လုပ်၊ မျက်နှာအမူအရာ မပျက်အောင် ထိန်းပြီး ရိပေါ်ဆီ သွားဖို့ လုပ်လိုက်တော့သည်။ သို့သော် ထွက်ခါနီးမှာ အားရှန့်က အခုအကြောင်းတွေ ရှန့်ဝူကို ပြန်မပြောပါနဲ့ဆိုတာကို တကောက်ကောက်လိုက်ပြောနေတာမို့ ပိတ်ထုခဲ့လိုက်ရသေးတယ်။မပြောပါဘူးဆိုမှ တဂျီဂျီလိုက်လုပ်နေတော့ စိတ်ကတိုလာပြီ။ ထို့အတွက် သူ့ခေါင်းကို ပိတ်ခေါက်ပစ်လိုက်တော့ ငိုမဲ့မဲ့ ဖြစ်သွားတာကြောင့် ထပ်မငိုအောင် ခြေထောက်ကို သုံးချက်လောက် ပိတ်ကန်ပြီးမှ ထွက်လာခဲ့လိုက်တော့သည်။
ဟက် ဘယ်လိုတောင် ဂျီကျလွန်းတဲ့ ကောင်လေးပါလိမ့်!!!
ကျွန်တော်နဲ့ ပိုင်ဟု စကားပြောနေကြတုန်း ဝေ့ရင်းအခန်းထဲသို့ ဝင်လာတာကြောင့် သူ ဝင်ထိုင်လို့ရအောင် ခုံထဆွဲပေးလိုက်သည်။
"ဝေ့ရင်း...ဘယ်လိုလဲ အသိနဲ့ တွေ့ခဲ့လား..."
"မတွေ့ခဲ့ဘူး။ မရှိတော့ဘူး ထင်တယ်..."
ရှန့်ဝူကပါ ဝင်မေးလာသည်။
"ဒီမှာ ဘယ်သူရှိလို့လဲ!...အားကျန့်က ဒီမိစ္ဆာတိုင်းပြည်ကို ရောက်ဖူးလို့လား..."
"မရောက်ဖူးပါဘူး။ ဒါပေမဲ့ ဒီအတိုင်း အပြင်မှာဆုံဖူးတဲ့ မိစ္ဆာတစ်ယောက်ရှိလို့။ အာ ပြီးတော့ အဆောင်ရှေ့မှာ မင်းကောင်လေးနဲ့ပါ တွေ့ခဲ့သေးတယ်။ ဘယ်လိုတောင် ငါနဲ့တစ်ပုံစံတည်း တူတာလဲနော်။ ရိပေါ်...ခုနကောင်လေးမျက်နှာက အရင်က အားကျန့်အသွင်ယူထားတဲ့ ငါ့မျက်နှာနဲ့ တစ်ပုံစံတည်း သိလား..."
ထိုကဲ့သို့ ပြောလိုက်တာနဲ့ ရှန့်ဝူရဲ့ မျက်လုံးတွေ ဂနာမငြိမ်ဖြစ်သွားတာကို သတိထားလိုက်မိသည်။ သူ့ရဲ့ အခုပုံစံက ဟန်နန်းတော်မှာ တွေ့ခဲ့သော ပိုင်ဟုအသွင်မျိုးမဟုတ်တော့ဘဲ ငယ်ငယ်တုန်းက ရှန့်ဝူအသွင်မျိုးပဲမို့ သေချာကြည့်လိုက်မိပါသေးတယ်။ ဟိုးအရင်ကလို မပြောင်းလဲသွားတဲ့ မျက်နှာပေါ်မှာ ရင့်ကျက်မှုတွေကတော့ နေရာယူလာသည်။
ရှန့်ဝူက ကျွန်တော့်ထက် အရပ်အနည်းငယ်မြင့်ကာ ခပ်ပိန်ပိန်ပင်ဖြစ်ပြီး တစ်ကိုယ်လုံးတွင် အနက်ရောင်ဝတ်ရုံကိုသာ ဝတ်ဆင်ထားသည်။ ကျွန်တော့်နောက် ခပ်ခွာခွာမှ လိုက်ဝင်လာတဲ့ အားရှန့်က အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံနွယ်များကို ကြိုးတစ်ချောင်းဖြင့် သပ်ရပ်စွာ ထုံးတင်ထားသည်။
STAI LEGGENDO
The Guardian [Completed]
Fanfictionငါတို့ တစ်ယောက်တစ်ဖက်မှာ ရပ်ခဲ့ရတဲ့ အဲ့အချိန်တွေထဲက နတ်ဘုရားတွေဆီ ကတိပြုခဲ့တယ်။ မင်းကို ထာဝရ ကာကွယ် စောင့်ရှောက်ပေးသွားမယ်လို့. . . လန်ကျန့် & ဝေ့ရင်း (Wang Yibo...